စျေး မီဒီယာ
အခြား

ကလေးတွေ စကားထစ်တယ်ဆိုတာ...

Posted by May Thaw Htoo August 20, 2022
Adcvjf8gctgwtvofxzcg

မေမေတို့ရေ ကလေးဘဝမှာ စကားထစ်တတ်တဲ့အခြေအနေလေးနဲ့ပတ်သက်ပြီး မေမေတို့အားလုံးသိထားသင့်တာလေးတွေကို ကျားလေးက မျှဝေပေးချင်ပါတယ်နော်။ မေမေတို့ရေ တကယ်တော့ ကလေးတွေ စကားထစ်တဲ့ကိစ္စက ကလေးငါးယောက်မှာ တစ်ယောက်နှုန်းလောက် ကြုံနေကြဖြစ်ပါတယ်တဲ့။ အသက် ၂ နှစ်ကနေ ၅ နှစ်ကြားမှာ အဖြစ်များတယ်လို့ ဆိုပါတယ်။ ကလေးတွေက သူတို့ပြောချင်တဲ့ အတွေး၊ ဆန္ဒတွေကို စတင်ထုတ်ဖော်ပြောဆိုချိန်မှာ ရုတ်တရက်စကားလုံးရှာမရတာကြောင့် ပြောင်းရင်းက တုံ့ဆိုင်းနေတတ်ကြတာပါ။ အဲ့ဒါကြောင့် အသက် ၅ နှစ်မတိုင်မီကလေးတေွစကားထစ်တာဟာ အများစုကတော့ အထွေအထူးကုသဖို့မလိုဘဲ ၅ နှစ်ကျော်ချိန်မှာ ပျောက်ကင်းသွားတတ်ပါသတဲ့။
နောက်ပြီးစကားထစ်တဲ့ပြဿနာက ယောက်ျားလေးတွေမှာ မိန်းကလေးတွေထက် ပိုမိုဖြစ်ပွားတတ်တယ်လို့လည်း ဆိုပါတယ်။ အဲ့ဒါကြောင့်လည်း အသက် ၅ နှစ်အောက်ကလေးလေးတွေအနေနဲ့ စကားထစ်ခဲ့မယ်ဆိုရင် မေမေတို့က ထွေထွေထူးထူးတွေးပြီး စိုးရိမ်ဖို့မလိုပါဘူးနော်။ ဒါပေမယ့် မေမေတို့အနေနဲ့ တစ်ခုတော့သတိထားဖို့လိုပါတယ်။
- ကလေးစကားထစ်တာဟာ ၆ လကျော်လာခဲ့ရင်
- တဖြည်းဖြည်းနဲ့ စကားထစ်တာပိုဆိုးလာရင်
- အသက် ၅ နှစ်ကျော်တဲ့အထိ စကားဆက်ပြီးထစ်နေသေးရင်
- စကားလုံး ၁၀၀ မှာ ၁၀ လုံးလောက်က အမြဲတမ်းထစ်နေမယ်ဆိုရင်
- မျက်နှာပေါ်က ကြွက်သားတွေမှာပါ ဖိစီးမှုတွေ၊ တောင်တင်းမှုတွေရှိနေရင်
- အသံကိုတအားမြှင့်ပြီး ခက်ခက်ခဲခဲပြောနေရရင်
- လက်ဟန်၊ ခြေဟန်တွေပါသုံးပြီး ကလေးငယ်က သူ့စကားကိုပုံဖော်နေရရင်
ဒီလိုအချက်အလက်တွေဖြစ်ပေါ်နေတယ်ဆိုရင်တော့ ဒါဟာ စိုးရိမ်ရတဲ့အနေအထားအဖြစ်သတ်မှတ်ပြီး ကလေးဆရာဝန်နဲ့ အသေးစိတ်တိုင်ပင်ပြသဖို့လိုတယ်လို့ သုတေသီတွေက အကြံပြုထားပါတယ်တဲ့ မေမေတို့ရေ။

(ဒေါက်တာ မေမွန်ရေးသားသည့် ကလေးပြုစုပျိုးထောင်ရေးဆောင်းပါးများ စာအုပ်မှ ထုတ်နုတ်ဖော်ပြထားပါသည်။ )

ပျော်ရွှင်ကျန်းမာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေနော်။

မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.