မေမေတို့ရေ မကြာမီကာလမှာ မိုးရာသီကိုရောက်လာတော့မယ်နော်။ အဲ့ဒီအတွက် မေမေတို့က မိုးရာသီမှာအဖြစ်များတဲ့ တုပ်ကေွးရောဂါနဲ့ပတ်သက်ပြီး သားသားမီးမီးလေးတေွကို ကာကွယ်ပေးနိုင်ဖို့ တုပ်ကေွးကာကွယ်ဆေးကို ထိုးထားပေးဖို့လိုပါတယ်။ သားသားမီးမီးလေးတေွတင်မကပါဘူး။ မေမေ၊ ဖေဖေတို့အပါအဝင် မိသားစုအားလုံးလည်း တုပ်ကေွးကာကွယ်ဆေးလေးတေွထိုးထားပေးဖို့လိုပါတယ်နော်။ ဒီဆေးလေးကတော့ အခုလကုန်ပိုင်းဆိုရင် နီးစပ်ရာဆေးခန်းတေွမှာ မေးမြန်းပြီး ဆရာဝန်တေွနဲ့တိုင်ပင်လို့ ထိုးနှံပေးနိုင်ပါတယ်။
တုပ်ကေွးကာကွယ်ဆေးထိုးဖို့ဆိုရင်တော့ တုပ်ကေွးကာကွယ်ဆေးကို တစ်ကြိမ်မှ မထိုးဘူးတဲ့ အသက် ၆ လကနေ ၉ နှစ်အထိ ကလေးတေွအတွက် တစ်လခြားပြီး နှစ်ကြိမ် ထိုးနှံပေးဖို့လိုပါတယ်။ အသက် ၉ နှစ်ကျော်တဲ့ ကလေးတေွအတွက်ကတော့ တစ်ကြိမ်ထိုးနှံရုံနဲ့ရပါတယ်နော်။ ဒါပေမယ့် မေမေတို့အားလုံးတစ်ခုသတိိထားရမှာကတော့ တုပ်ကေွးကာကွယ်ဆေးကို နှစ်စဉ်ထိုးပေးဖို့လိုပါတယ်။ အရင်နှစ်ကထိုးထားပေးပြီးလို့ ဒီနှစ်တော့ထိုးဖို့မလိုဘူးလို့သတ်မှတ်ယူဆလို့မရပါဘူး။ တစ်နှစ်နဲ့တစ်နှစ် တုပ်ကေွးဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးတေွကလည်း မတူညီတာမို့ ဆေးအာနိသင်တေွကလည်းတစ်နှစ်နဲ့တစ်နှစ်မတူပါဘူး။ အဲ့ဒါကြောင့်နှစ်စဉ်ထိုးနှံပေးရမှာပါနော်။ နောက်တစ်ခုသတိထားဖို့လိုတာကလည်း အရင်နှစ်ကကာကွယ်ဆေးတေွကို ဒီနှစ်မှာထိုးရင်လည်း အကျိုးသက်ရောက်မှုရှိနိုင်မှာမဟုတ်လို့ သက်ဆိုင်ရာဆရာဝန်တေွနဲ့ သေချာတိုင်ပင်ပြီးမှသာ ဆေးထိုးဖို့အတွက် မေမေတို့ကို ကျားလေးက မှျဝေပေးလိုက်ပါတယ်နော်။
ပျော်ရွှင်ကျန်းမာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်ပါစေနော်။
မိခင်နဲ့ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)