စျေး မီဒီယာ
မွေးပြီး တစ်နှစ်အတွင်း

ဘေဘီလေးတေွနဲ့ခရီးသွားတော့မယ်ဆိုရင် ...

Posted by Ngu Wah June 2, 2019
Gyrxatbgk5ihcvf3vha2

မေမေတို့ရေ ဘေဘီလေးတေွနဲ့ ခရီးတစ်ခုသွားတော့မယ်ဆိုရင် မေမေတို့အနေနဲ့ ဘာတေွှကိုတင်ပြင်ဆင်ဖို့လိုတယ်။ ဘယ်လိုပစ္စည်းတေွကို ယူဆောင်သွားသင့်တယ်ဆိုတာကို မေမေတို့အတွက် မှျဝေပေးချင်ပါတယ်နော်။

မေမေတို့ရေ ဘေဘီလေးက လမ်းမလေှျာက်တတ်သေးတဲ့ ကလေးငယ်ဆိုရင်တော့ လက်တွန်းလှည်းလေးကို ယူသွားသင့်ပါတယ်နော်။ လမ်းတစ်လေှျာက်ကလေးကိုလှည်းပေါ်မှာ သန့်သန့်ရှင်းရှင်း၊ သပ်သပ်ရပ်ရပ်ထားနိုင်သလို အိပ်ယာအနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ လက်တွန်းလှည်းမရှိရင်တော့ ကလေးချီတဲ့ပခုံးသိုင်းကြိုးကို အသုံးပြုနိုင်ပါတယ်။
တကယ်လို့ ကလေးကလေးဖက်တွားအရွယ်ဆိုရင် ခင်းထားပေးဖို့အတွက် ပလတ်စတစ်အခင်းလေးတစ်ခုတော့ ဆောင်သွားဖို့လိုပါတယ်နော်။
ကလေးငယ်ကအရွယ်သိပ်ပြီး ငယ်လွန်းနေရင်တော့ ပုခက်လေးပါယူသွားဖို့မမေ့ပါနဲ့နော်။ တည်းခိုခန်းတေွရောက်ရင် လူကြီးကုတင်တေွသာရှိပြီး အကာအရံမပါတာကြောင့် ကလေးငယ်လိမ့်ကျနိုင်ပါတယ်။ နောက်ပြီး ခြင်ကိုက်မခံရဖို့အတွက် ဆေးစိမ်ခြင်ထောင်တေွ၊ ခြင်မကိုက်အောင်လိမ်းတဲ့ဆေးတေွကိုလည်း ဆောင်သွားသင့်ပါတယ်။ ကလေးသေးခံတေွ၊ အနှီးတေွကိုတော့ များများလေးဆောင်သွားဖို့လိုပြီး သေးခံလဲလှယ်တဲ့အခါ စွန့်ပစ်ဖို့အတွက် အိတ်လေးကိုပါ ဆောင်ယူသွားသင့်ပါတယ် မေမေတို့ရေ။

နောက်ပြီးခရီးစဉ်တစ်လေှျာက် ကလေးငယ်ကိုလက်သန့်စင်ပေးဖို့အတွက် လက်သန့်ဆေးတေွ၊ တစ်ရှူးအစိုတေွကိုလည်း ဆောင်သင့်ပါတယ်။ ကလေးအဝတ်အစားတေွကိုတော့ ပိုပိုလှျံလှျံလေးဆောင်သွားဖို့လိုပါတယ်။ ကလေးငယ်ချေွးထွက်မများစေဖို့ ရာသီဥတု၊ နေရာဒေသတေွနဲ့ ကိုက်ညီမယ့်အဝတ်အစားမျိုးကိုရေွးယူဖို့လိုပါတယ်နော်။ နောက် ကလေးရဲ့အသားအရေနဲ့ မျက်စိတေွက နုနယ်ပြီး နေရောင်ခြည်ဒဏ်ကို မခံနိုင်တာကြောင့် ဦးထုပ်တေွ၊ ကလေးတပ်နေကာမျက်မှန်တေွ၊ SPF ပါတဲ့နေရောင်ကာလိမ်းဆေးတေွကို ထည့်ယူသွားဖို့လိုပါတယ်။ အထုပ်အပိုးပြင်ဆင်ရာမှာတော့ သေတ္တာတေွ၊ ခရီးဆောင်အိတ်တေွအပြင် လမ်းမှာချက်ချင်းအသုံးပြုနိုင်ဖို့ အထုပ်သေးတစ်ခုကိုလည်း ပြင်ဆင်ဖို့လိုပါတယ်။ အဲ့ဒီအထုပ်ထဲမှာတော့ အဝတ်အစားအပို၊ သေးခံ၊ သေးခံလဲလှယ်တဲ့အခါသုံးတဲ့အခင်း၊ တစ်ရှူး၊ ကလေးဦးထုပ််၊ စောင်၊ ခေါင်းအုံးနဲ့ Hand Gel တေွကိုထည့်သွင်းသင့်ပါတယ်နော်။

မေမေတို့အနေနဲ့ နောက်ထပ်သတိထားဖို့လိုတာကတော့ ကလေးတေွခရီးထွက်တဲ့အခါ အများဆုံးဖြစ်လေ့ရှိတဲ့ ၀မ်းပျက်ဝမ်းလေှျာ၊ အအေးမိဖျားနာ၊ နှာစေးချောင်းဆိုးတေွကို ကုသနိုင်ဖို့ ပြဒါးတံ၊ ကလေးပါရာစီတမော့၊ ကလေးဓာတ်ဆား၊ နှာစေးချောင်းဆိုးပျောက်ဆေး၊ လေထိုးလေအောင့်ပျောက်ဆေးနဲ့ ကလေးသောက်နေကျပဋိဇီဝဆေးတစ်မျိုးမျိုးထည့်သွားဖို့လိုပါတယ်။ နောက်ပြီး မတော်တဆဖြစ်ခဲ့ရင် သုံးစွဲဖို့ အရက်ပြန်၊ ဂွမ်း၊ ပလာစတာ၊ ပတ်တီး၊ ပိုးသတ်ဆေးပါတဲ့ အနာလိမ်းဆေး၊ သေသးခံမလောင်အောင် လိိမ်းဆေး၊ ယားယံတဲ့အခါ၊ ဓာတ်မတည့်တာမျိုးတေွမှာသုံးတဲ့ ဆေးတစ်မျိုးမျိုးကိုလည်း ဆောင်ယူသင့်ပါတယ်နော်။ နောက် မိတ်ပျောက်ပေါင်ဒါတို့ Caladryl တို့ကိုလည်းထည့်သွင်းသွားဖို့ မမေ့ပါနဲ့နော်။

မေမေတို့ရေ ဒီလိုအကျိုးရှိတဲ့အကြောင်းအရာလေးကတော့ (စာရေးသူ ဒေါက်တာ မေမွန်ရဲ့ မေ့ရင်သေွးလေးကျန်းမာစေဖို့) ဆိုတဲ့ စာအုပ်လေးထဲမှာပါရှိပါတယ်နော်။ ဒီစာအုပ်လေးကိုသေချာဖတ်ရှုချင်တယ်ဆိုရင်တော့ ကျားလေးမှာ ဆက်သွယ်မှာယူနိုင်ပါတယ်နော်။

ပျော်ရွှင်ကျန်းမာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်ပါစေ။
Ref;ဒါက်တာ မေမွန်ရဲ့ မေ့ရင်သေွးလေးကျန်းမာစေဖို့

Baobaohao 720W Stroller
Baobaohao 720W Stroller
80,900 Ks

Sold Out

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.