ကျှန်တော်ငယ်ငယ်က အဖေနဲ့အမေ ရန်ဖြစ်ရင် ကျှန်တော်ရေှ့မှာနေ့တိုင်းလိုလိုဖြစ်ကြတယ်။ ဒါနဲ့ အသက်ကြီးလာသည်အထိ ပြဿနာဖြစ်ရင် ဒီလိုဖြေရှင်းကြတာပဲဆိုပြီး ရင်ထဲမှာ သေချာစွဲမြဲနေခဲ့ပါတယ်။ စာတေွအဖတ်များလာတော့ ဒီခံယူချက်ကြီးက ပျောက်သွားတယ်။ ပြောချင်တာက မိဘတေွဟာ သားသမီးငယ်ငယ်လေးတေွရေှ့မှာ အတတ်နိုင်ဆုံးရန်မဖြစ်၊စကားမများကြဖို့ပါ။
မိဘာတေွဟာ ကလေလေးငယ်တို့ရဲ့ရေှ့မှာ အမြဲလိုလိုရန်ဖြစ်ပြနေရင် သူတို့ရဲ့စိတ်ထဲမှာလည်း ပြဿနာကို မိဘတေွလိုပဲ ဖြေရှင်းဖို့ စိတ်ထဲစွဲမှတ်နေတတ်ကြပါတယ်။ မိဘတေွအနေနဲ့လည်း ဒီလိုရန်ဖြစ်တဲ့ နည်းလမ်းကပြဿနာတစ်ခု ပြေလည်ဖို့ အကောင်းဆုံးနည်းလမ်းမဟုတ်ဘူးဆိုတာ သိထားရပါမယ်။ ကလေးငယ်တို့ရဲ့ စိတ်နေသဘောထာဟာ အသက်ကြီးလာသည်အထိ မိဘတေွနဲ့ ပထမဆုံးသက်ဆိုင်နေတာကို ပြောချင်တာပါ။
အဲ့လိုမှမဟုတ်ရင် အဆိုးဆုံးအနေနဲ့ ကလေးငယ်အတွက် အကျိုးသက်ရောက်မှုဟာ ငါအားကိုးရလောက်တဲ့ ၊ ငါလေးစားအားကြရတဲ့ စံပြဖေဖေ၊ မေမေမဟုတ်ဘူးဆိုပီး စိတ်ထဲမှာ စွဲထင်သွားစေနိုင်ပါတယ်။ ကလေးငယ်ရဲ့ညဏ်ရည် ဖွံ့ဖြိုးတိုးတက်မှုအပိုင်းမှာလည်း အနေှာက်အယှက်ကြီးတစ်ခုဖြစ်သွားနိုင်ပါတယ်။
ကလေးငယ်ဟာ သိသင့်တဲ့အရွယ်မှာ ပိုသိရမှာထက် စိတ်ထဲမှာ မကောင်းတဲ့စိတ်သဘောထားတေွကြောင့် ပိတ်ဆို့နေချင်းမျိုးတေွ ဖြစ်လာတတ်ပါတယ်။ မိဘတေွဟာ ကလေးငယ်ရေှ့မှာ အမှားများစွာလုပ်မိနေလို့မရပါဘူး။ အမှားက မကူးစက်စေတတ်ဘူးဆိုပေမယ့် ပတ်သက်နေတတ်ပါတယ်။ ဒီလိုပတ်သတ်မှုရဲ့ အဓိကသားကောင်က အနာဂတ်ရဲ့ဖန်တီးရှင်လေးတေွှဖစ်တဲ့ မိမိတို့ ကလေးငယ်လေးများဖြစ်ကြပါတယ်။
နိဂုံးအနေနဲ့ ကလေးငယ်မိဘတိုင်း သိထားသင့်တာက ကလေးငယ်ဆိုတာ အတေွ့အကြုံငယ်ငယ်လေးတေွကနေ အခြေခံပြီး စိတ်သဘောထား တည်ဆောက်နေကြသူတေွပါ။ သူတို့ရေှ့မှာ အကောင်းဆုံးကောင်းတာတေွ၊ အကျိုးရိှတာတေွ သင်ကြားပြသပေးဖို့လိုအပ်ပါတယ်။ ကလေးငယ်လေးတေွကို အတေွ့အကြုံကောင်းလေးတေွ ပေးကြပါ။ ကလေးငယ်တေွကို ဒါမကောင်းဘူးဆိုတာထက် ဒါလုပ်ရင် ဘာဖြစ်သွားမယ်ဆိုတဲ့လက်တေွ့ကြတဲ့ သင်ခန်းစာလေးတေွပေးကြပါလို့ နိဂုံးချုပ်လိုက်ရပါတယ်။
ဇေဝန်းနေ(Kyarlay)