သားသားမီးမီးလေးတေွအတွက် ကလေးပုံပြင်
*****************************************************
ကလေးများကို မေွးကင်းစ အရွယ်မှ စာဖတ်ပြခြင်း စကားပြောပေးခြင်းတို့ကို ပြုလုပ်ပေးနိုင်ပါတယ်။
စာဖတ်ပြရန် ငယ်လွန်းသေးတယ်ဆိုတဲ့ အရွယ်မရှိပါဘူး။
ငယ်စဉ်မှာကလေးတေွကို စကားပြောပေးခြင်း စာဖတ်ပြခြင်းတို့ဟာ စာဖတ်စွမ်းရည်ကို မြင့်တင်ပေးပါတယ်။
ကြားရဖန်များလာတဲ့အခါ ကလေးငယ်တို့ဟာ အသံတေွ၊ စကားလုံးတေွနဲ့ ရင်းနှီးလာပါတယ်။
မေွးကင်းစ ကတည်းက မိနစ်20ခန့် စာဖတ်ပြခြင်းက စာပေကို နှစ်သတ်ပျော်မေွ့လာနိုင်ပါတယ်။
ဖေဖေမေမေတို့ အတွက် သားသားမီးမီးလေးများအား ဖတ်ပြရန်အတွက် ပုံပြင်ကလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။
ဒီလဟာ ဒီဇင်ဘာလလည်း ဖြစ်တယ်လေ ဒီဇင်ဘာလမှာဆိုရင် ဘာပွဲတော်ရှိလဲ ဆိုရင် ခရစ္စမတ် ပွဲတော်ရှိပါတယ်။ ခရစ္စမတ်ပွဲတော်ရောက်ရင် ကလေးတေွက ပျော်ရွှင်နေကြပါတယ်။
ဘာဖြစ်လို့ ပျော်လဲဆိုတော့ ကလေးတေွကို လက်ဆောင်လေးတေွ ယူလာပေးပြီး ပျော်ရွင်အောင် လုပ်ပေးတတ်တဲ့ ခရစ္စမတ်ဘိုးဘိုးကြီး ကြောင့်ပေါ့ အခုပြောပြမှာကတော့ ကလေးတို့ကို လက်ဆောင်တေွ ယူလာပေးတဲ့ ခရစ္စမတ် ဘိုးဘိုးကြီးအကြောင်းပါပဲနော် ကလေးတို့ရေ....
ဆန်တာကလော့ဘိုးဘိုးကြီးနှင့် ခရစ္စမတ်လက်ဆောင်
ဟိုးရေှးရေှးတုန်းက ဟယ်ရီ၊ ကောနီးနဲ့ မော်တီတို့သူငယ်ချင်းသုံးယောက်က ခရစ္စမတ်မတိုင်ခင် နှစ်ရက်လောက်မှာ နှင်းလူသားအရုပ်လေးကို ဆောက်နေကြတယ်တဲ့။ အဲဒီအချိန်မှာပဲ သူတို့ရဲ့သူငယ်ချင်းဖြစ်တဲ့ မာရီနဲ့ တူမလေး အန်မလီတို့ရောက်လာကြတယ်။ မာရီက သူမရဲ့တူမလေးအန်မလီနဲ့ မိတ်ဆက်ပေးတယ်။
“အန်မလီလေးက တောင်ပိုင်းကလာတာဆိုတော့ နှင်းတေွကိုလည်း တစ်ခါမှမမြင်ဖူးဘူး။ ဆောင်းရာသီနဲ့ပတ်သက်ပြီးလည်း ဘာမှမသိဘူးလေ။ အန်မလီလေးက ခရစ်စမတ်ဆိုတာလည်း မသိဘူး” တဲ့။
အဲဒီအချိန်မှာပဲ အန်မလီလေးက “ဆန်တာကလော့ဆိုတာ ဘယ်သူလဲ” လို့မေးလိုက်တယ်။
“ဆန်တာကလော့ဆိုတာ ခရစ္စမတ်ရောက်တိုင်း ကလေးတေွအတွက် အရုပ်တေွ၊ လက်ဆောင်တေွယူလာပေးတဲ့ ခရစ္စမတ်ဘိုးဘိုးကြီးပေါ့” လို့ မာရီက ရှင်းပြလိုက်တယ်တဲ့။
“သူက ကလေးတေွဆီ လက်ဆောင်ယူလာပေးမှာပေါ့နော်”
“အင်း… သူက နှစ်တေွအကြာကြီး ဒီတောထဲမှာတော့ ရှိမနေတတ်ဘူး။ သူက အလုပ်တေွရှုပ်နေတတ်တော့ ကလေးတေွဆီလည်း အလည်လာဖို့မအားဘူးထင်တယ်လေ” လို့ မာရီက ပြောလိုက်တယ်။
“ဒါဆို မီးမီး သူ့ဆီစာရေးလိုက်ရင် သူလာမယ်လို့ ထင်လား”
“ငါလည်း သူ့ကိုမမြင်ဖူးတော့ မပြောတတ်ဘူးဟ” လို့ မော်တီက ပြောလိုက်တယ်။ “ငါလည်း မသိဘူး” လို့ ဟယ်ရီကလည်း သူ့ရဲ့ခေါင်းကိုခါယမ်းရင်း ပြောလိုက်တယ်တဲ့။
“ဆန်တာကလော့ဘိုးဘိုးကြီးက ကလေးတေွအတွက်ပဲဆိုတော့ လာမှာပါလေ။ လာ…လာ နှင်းတေွကျမလာခင် အိမ်ကိုသွားရအောင်” ဆိုပြီး မာရီက အန်မလီလေးကိုပြောပြီး ပြန်သွားကြတာပေါ့ကွယ်။
နောက်တစ်နေ့ မနက်ကျတော့ အန်မလီလေးစာတိုက်ပုံးထဲစာထည့်နေတာကို မာရီက လှမ်းမြင်လိုက်တယ်။
“မီးမီး ဆန်တာကလော့ ဘိုးဘိုးကြီးဆီ စာရေးလိုက်တယ်။ မီးမီးဆီ လက်ဆောင်တေွယူလာမလားလို့လည်း သူ့ကိုမေးလိုက်တယ် တီတီလေး”
“ကံကောင်းပါစေ မီးမီးလေး၊ ဒါပေမဲ့ သူလာမယ်လို့လည်း အများကြီး မမေှျာ်လင့်ထားနဲ့နော်။ တကယ်လို့သူမလာရင်လည်း စိတ်မပျက်သွားနဲ့နော် ကလေး” လို့ မာရီက နှစ်သိမ့်လိုက်တာပေါ့ကွယ်။
အဲဒီလိုပြောလိုက်တော့ “ဒါဆို သူမလာဘူးလို့ တီတီလေးက သိနေတာလား” ဆိုပြီး အန်မလီလေး ငိုပါလေရော။
အဲဒီမှာ မာရီလည်း တော်တော်စိတ်မကောင်းဖြစ်သွားတာပေါ့။ ကလေးကို မေှျာ်လင့်ချက်မဲ့သွားမှာမျိုးလည်း မဖြစ်စေချင်ဘူးလေ။ မနက်ဖြန်ဆိုရင်ပဲ ခရစ္စမတ်နေ့က ရောက်တော့မယ်ဆိုတော့ အန်မလီလေး အံ့သြပျော်ရွှင်သွားအောင် သူဘယ်လိုလုပ်ရမလဲလို့ တေွးလိုက်တယ်တဲ့။ အဲဒီမှာပဲ ဘာလုပ်ပေးရမလဲဆိုတာ စိတ်ကူးရသွားပြီး ဆန်တာကလော့နဲ့ပတ်သက်တဲ့ ပစ္စည်းတေွဝယ်ဖို့ မြို့ကို သွားတော့တာပေါ့ကွယ်။
ခရစ္စမတ်နေ့ကျတော့ မာရီက ဆန်တာကလော့ ဘိုးဘိုးကြီးဝတ်စုံကိုဝတ်ပြီး သူ့ကိုယ်သူ မှန်ထဲမှာပြန်ကြည့်လိုက်တယ်။ မာရီရဲ့အမေကလည်း သူ့ကိုမမှတ်မိဘူးတဲ့။ ပြီးတော့ သူက ဘွတ်ဖိနပ်ကိုစီးလိုက်ပြီး Ho… Ho… Hos… လို့ ဆန်တာဘိုးဘိုးကြီး အော်သလို အော်လိုက်သေးတယ်လေ။ ပြီးတော့ အန်မလီလေးအတွက် လက်ဆောင်တေွယူပြီး အန်မလီလေးရဲ့အိမ်ကိုထွက်လာခဲ့တာပေါ့ကွယ်။ အိမ်ရေှ့ရောက်ပြီး တံခါးကိုခေါက်လိုက်တော့ အန်မလီက တံခါးလာဖွင့်ပေးတာပေါ့ကွယ်။
“ဟိုင်း… ကလေးလေး”
“ဘိုးဘိုးကြီးလာတဲ့အတွက် မီးမီးအရမ်းပျော်တယ်။ ဘိုးဘိုးကြီးကို မေှျာ်နေတာလေ။ အထဲကို ဝင်ပါနော်” လို့ အန်မလီလေးက ဝမ်းသာအားရနဲ့ ခေါ်လိုက်တယ်တဲ့။
“ငါ့ကိုမေှျာ်နေတယ် ဟုတ်လား။ ငါဘယ်သူလဲဆိုတာကော သိလို့လား။ ဆန်တာကလော့ကိုရော မြင်ဖူးလို့လား ကလေး။ ငါ ဒီလိုလာဖို့ ကြိုးစားခဲ့ရပါတယ် ကလေးရေ Ho.. Ho.. Hos… လို့ပြောပြီး အန်မလီလေးနောက်က လိုက်ဝင်သွားတယ်တဲ့။
အထဲကိုရောက်သွားတော့ ဟယ်ရီ၊ ကောနီးနဲ့ မော်တီတို့ကိုလည်း ဆန်တာကလော့ဝတ်စုံတေွနဲ့ ထိုင်နေတာတေွ့လိုက်တယ်လေ။
သူတို့အားလုံးဟာ အန်မလီလေးအတွက် ခရစ္စမတ်လက်ဆောင်တေွပေးကြတာပေါ့ကွယ်။ မာရီက အလွန်လှတဲ့ ကုတ်အကျႋလေးပေးတယ်။ မော်တီကတော့ ဆောင်းတွင်းမှာဝတ်ရတဲ့ ဘောင်းဘီအရှည်တစ်စုံပေးလိုက်တယ်။ ဟယ်ရီကတော့ သိုးမေွှးဦးထုပ်လေး ပေးလိုက်တယ်တဲ့။ ကောနီးကတော့ လက်အိတ်လေးတစ်စုံပေးတယ်လေ။ ပြီးတော့ အန်မလီက သူ့လက်ထဲမှာရှိနေတဲ့ လက်ဆောင်ပုံးကိုဖွင့်ကြည့်လိုက်ပြီး အနီရောင်ဘွတ်ဖိနပ်လေးကိုတေွ့တော့ အရမ်းပျော်သွားတာပေါ့ကွယ်။ အနီရောင်က အန်မလီလေး အရမ်းကြိုက်တဲ့ အရောင်ဖြစ်နေတယ်လေ။
သူတို့အားလုံးဟာ ပျော်ရွှင်စွာနဲ့ပဲ “Merry Christmas to all of you!” လို့ ပြိုင်တူအော်လိုက်ကြတယ်တဲ့။
သားသား၊ မီးမီးတို့လည်း ခရစ္စမတ်နေ့မှာ ဆန်တာကလော့ဘိုးဘိုးကြီးဆီက လက်ဆောင်တေွရပြီး ပျော်ရွှင်ကြပါစေနော်။
တီတီဇာ
Ref: Christmas Special
ကာတွန်းသရုပ်ဖော်- သီဟ (စခန်းသစ်)
မှတ်ချက်။ ။ ဆန်တာကလော့ဘိုးဘိုးကြီးနှင့် ခရစ္စမတ်လက်ဆောင် ပုံပြင်ကို မေ့ရင်သေွး ဒီဇင်ဘာလ 2016 ထုတ် မဂ္ဂဇင်းမှ ကောက်နုတ်တင်ပြသည်။
San Su Kyi Naing