ကလေးတစ်ယောက် ဘယ်အချိန်မှာ စထိုင်မှာလဲ? ဘာတေွလုပ်ပေးဖို ့လိုမလဲဆိုတာ ပြောပြပေးသွားပါမယ်။
ထိုင်တတ်တာဟာ ကလေးတေွဖံွ ့ဖြိုးတိုးတက်မှုတစ်ခုပဲဖြစ်ပါတယ်။
ကလေးလေးတေွဟာ အသက်၃လမှာ မေှာက်တတ်ပြီး၊ ၆လမှာတော့ အမှီကင်းကင်းနဲ ့ထိုင်တတ်နေပါပြီ။
ကလေးလေးထိုင်နိုင်ဖို ့အတွက် လည်ပင်းကြွက်သားတေွက သူ ့ရဲ ့ခေါင်းကိုထိန်းနိုင်ရပါမယ်။
ဘေဘီလေးဟာ မေမေတို ့ရဲ ့အကူညီကိုယူပြီးထိုင်တဲ့အခါ ခဏခဏ ပြန်လဲကျနေပါဦးမယ်။
စိတ်မပူပါနဲ ့နော်။ ကြိမ်ဖန်များစွာလုပ်လာတဲ့အခါ သေချာထိုင်နိုင်ပါပြီ။
ထိုင်နိုင်တာကိုလေ့လာခြင်း~
ထိုင်ခြင်းက ကလေးငယ်တိုင်းအတွက်ပတ်ဝန်းကျင်ကိုမြင်တေွ ့နိုင်ဖို ့ ပထမဆုံး လုပ်ဆောင်ချက်ဖြစ်ပါတယ်။
အသက် ၆လကနေ ၉လအတွင်းမှာ ကလေးလေးဟာ အကူအညီမယူပဲ ထိုင်တတ်နေပါပြီ။
ကလေးတစ်ယောက်ထိုင်တာဟာ ကလေးရဲ ့ကျောရိုးနဲ ့ကိုယ်နေဟန်ထားအပေါ်မူတည်တာပါ။
ထိုင်တတ်တာနဲ ့တပြိုင်နက် ပတ်ဝန်းကျင်ကို ကောင်းကောင်းတေွ ့မြင်လို ့ပါပြီ။
မြင်ကွင်းအသစ်တေွကို မြင်ရတာမို ့ကလေးတေွက ထိုင်ဖို ့ကိုထပ်ခါ ထပ်ခါကြိုးစားပါတော့တယ်။
ကေလးက ဘယ္အခ်ိန္မွာစထိုင္မယ္ဆိုတာသိသလဲ?
ကလေးတစ်ယောက်နဲ ့တစ်ယောက် မျိုးရိုးဗီဇမတူတာမို ့ထိုင်နိုင်တဲ့ အချိန်ဟာလဲ မတူပါဘူး။
အသက်၆လပြည့်တာနဲ ့့စပြီးထိုင်နိုင်မယ်လို ့မဆိုလိုပါဘူး။ ကိုယ့်ကလေးကမထို်င်နိုင်သေးလို ့စိတ်ပူပြီး
အတင်းသင်စေတာက ကလေးရဲ ့ခါးရိုးနဲ ့ တင်ပါးကိုထိခိုက်စေပါတယ်။
ဘယ်လိုအကျိုးတေွရနိုင်မှာလဲ?
ထိုင်နိုင်လာတာက ကလေးကို အသက်ရှုနိုင်ဖို ့ပိုအားကောင်းစေပါတယ်။
ကလေးကို ပစ္စည်းလေးတေွနဲ ့အလွယ်တကူထိတေွ ့စေပြီး ကိုယ်နေဟန်ထားကိုလဲ ပိုထိန်းတတ်လာစေပါတယ်။
သူတို ့ကြိုက်တဲ ့အရာလေးတေွကို ကိုယ်တိုင်ယူပြီးကိုင်နိုင်လာတာမို ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုကိုလဲ ပိုတိုးစေပါတယ်......
TZWMA(Kyarlay)