
သင်ဟာ ကိုယ်ဝန်ဆောင်ကာလမှာ မကြာခဏ ဆံပင်ကျွတ်ခြင်းကြောင့် စိတ်သောက ရောက်နေပါသလား။ ဒါမှမဟုတ် သင့်ရဲ့ ဆံနွယ်တေွကို ပြုပြင်ပြောင်းလဲဖို့ စိတ်ကူးနေပါသလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးမှာ ဖော်ပြပေးမယ့် အချက်အလက်တေွကို သေသေချာချာလေး ဖတ်ရှုပေးဖို့ တိုက်တွန်းပါရစေ။

သင်ကိုယ်ဝန်ဆောင်နေတဲ့ ကာလမှာ အနီးနားပတ်ဝန်းကျင်ကလူတေွရဲ့ မြောက်မြားလှစွာသာ ညွှန်ကြားချက်တေွ ၊ အကြံပြုချက်တေွကို ရရှိမှာဖြစ်ပြီး တစ်ချို့အယူသီးတဲ့သူတေွရဲ့ ဆံပင်ညှပ်ဖို့ တားမြစ်ခြင်းကိုလည်း ခံရနိုင်ပါတယ်။ တကယ်တော့ ဒါဟာ အယူသီးမှု သက်သက်ပါပဲ။ ကိုယ်ဝန်ဆောင်အမျိုးသမီးတေွ ဆံပင်ညှပ်လိုက်ခြင်းဟာ အတိတ်နိမိတ်မကောင်းပဲ ခန္ဓာကိုယ်အတွင်းကို ရောဂါပိုးမွှားတေွ အလွယ်တကူ ဝင်ရောက်လာနိုင်တယ်လို့ အယူရှိကြပါတယ်။

ဆံပင်ရှည်ဟာ ချမ်းအေးတဲ့ ရာသီမျိုးမှာ နေွးထေွးမှုကို ပေးစွမ်းနိုင်တာကြောင့်လည်း ကိုယ်ဝန်ဆောင်ကာလမှာ ဆံပင်ညှပ်ခြင်းကို တော်တော်များများက အားမပေးကြပါဘူး။ ခန္ဓကိုယ်တစ်ခုလုံးရဲ့ အထက်မှာ တည်ရှိနေတဲ့ ဆံပင်ဟာ အင်အားစုတစ်ခုဖြစ်ပြီး ညှပ်ပစ်လိုက်တဲ့အခါ ခန္ဓာကိုယ်တွင်းက အင်အားယုတ်လျော့ သွားမယ်လို့ ထင်မှတ်နေကြတာပါ။

ဆေးပညာရှုထောင့်ကနေ ကြည့်ရှုလိုက်တဲ့အခါမှာတော့ ကိုယ်ဝန်ဆောင်ကာလမှာ ဆံပင်ညှပ်ခြင်းကြောင့် မိခင်လောင်းရော ၊ သန္ဓေသားမှာပါ ဘယ်လိုထိခိုက်မှုမျိုးမှ ရှိလာမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သင့်အနေနဲ့ ဆံပင်ညှပ်ဆိုင်ကို သွားရောက်တဲ့အခါမှာ သတိထားရမယ့်အချက်တေွ ရှိနေပါတယ်။ အဲ့ဒါကတော့ ဓာတုပစ္စည်းတေွပါဝင်တဲ့ ဆံသားထုတ်ကုန်တေွကို ရေှာင်ကြဉ်ဖို့ပါပဲ။

ကိုယ်ဝန်ဆောင်ကာလမှာ ဆံပင်ညှပ်ပစ်ခြင်းက ထိခိုက်မှုမရှိနိုင်ပေမယ့် ဆံပင်ဆိုးဆေးတေွ ၊ သန့်ရှင်းမှုမရှိတဲ့ ဆံပင်ညှပ်ကိရိယာတေွကို အသုံးပြုမယ်ဆိုရင်တော့ အန္တရာယ်ရှိနေနိုင်ပါတယ်။
HYA (kyarlay)