
ကလေးငယ်များမှာ ညဘက်အိပ်မပျော်ခြင်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စမျိုးတော့မဟုတ်ပါဘူး။ သို့ပေမယ့်အိပ်မပျော်ခြင်း ဝေဒနာကို ခံစားနေရပြီဆိုရင်တော့ နေထိုင်မှုဘဝအပေါ် ထိခိုက်မှုတေွရှိလာနိုင်ပါတယ်။ ကလေးငယ်များမှာ အိပ်မပျော်ခြင်းဖြစ်ရတဲ့ အကြောင်းရင်း တချို့ကိုဖော်ပြပေးလိုက်ပါတယ်။

ကလေးငယ်များရဲ့ အိပ်မပျော်ရခြင်းရဲ့ အဓိက အကြောင်းရင်းကတော့ စိတ်ဖိစီးမှုများခြင်းပဲ ဖြစ်ပါတယ်။ ဆယ်ကျော်သက် အရွယ်များလိုပဲ ပညာရေးဖိအား၊ ပတ်ဝန်းကျင်ရှိရွယ်တူများမှရရှိသောဖိအား၊နဲ့ တစ်စုံတစ်ရာကို ကြောက်ရွံခြင်းတို့ကြောင့် အိပ်မပျော်ခြင်းကို ခံစားရတတ်ပါတယ်။ အဲ့လိုခံစားရပြီဆိုရင်တော့ မိဘများအနေနဲ့ ကျောင်းရှိဆရာ၊ဆရာမများနဲ့ တိုင်ပင်ခြင်းများပြုလုပ်သင့်ပါတယ်၊။ကလေးငယ်လေးများဟာ စိတ်ခံစားလွယ်တဲ့အတွက် သူတို့ရေှ့မှာ ရန်ဖြစ်စကားများခြင်းမျိုးကို ရေှာင်ရှားသင့်ပါတယ်။

ကလေးငယ်မှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာများဖြစ်တဲ့ စိတ်ညှိုးနွမ်းခြင်းနဲ့ စိုးရိမ်ပူပန်ခြင်းတို့ ခံစားနေရရင်တော့ အိပ်ချိန်မှာ အခက်အခဲရှိနိုင်ပါတယ်။ ကြွက်တက်ရောဂါ၊ အိပ်ပျော်နေစဉ် အသက်ရှူကြပ်ခြင်းနဲ့ နာကျင်မှုတိုးလာခြင်း၊ အခြားနာတာရှည်ရောဂါများကြောင့်လည်း ညဘက်မှာအိပ်စက်ခြင်း အခက်အခဲရှိနိုင်ပါတယ်။

တုပ်ကေွး၊နာတာရှည် ပန်းနာရင်ကြပ်ရောဂါ နဲ့ အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများကြောင့် လည်း ညအချိန် အိပ်မပျော်ခြင်းဖြစ်နိုင်ပါသေးတယ်။ကလေးငယ်ဟာ စိတ်ကျရောဂါ၊ စိုးရိမ်ပူပန်ခြင်း၊ ရိုးဆက်ရောင်ရမ်းရောဂါများကြောင့် ဆေးဝါးများမှီဝဲမှုရှိခဲ့ရင်တော့ ထိုဆေးဝါးများရဲ့ ဘေးထွက်ဆိုုးကျိုးအဖြစ် အိပ်မပျော်ခြင်းကို ခံစားရစေနိုင်ပါတယ်။

တိတ်ဆိတ် ငြိမ်းချမ်းတဲ့ ပတ်ဝန်းကျင်ဟာ ကောင်းမွန်တဲ့အိပ်စက်ခြင်းအတွက် လိုအပ်ချက်တစ်ခုပါပဲ။ အိပ်စက်ရန်လွယ်ကူသူအဖို့တောင်မှပဲ ဆူညံသော ပတ်ဝန်းကျင်က အိပ်စက်ရန်အခက်အခဲရှိပါတယ်။ ကလေးငယ်ဟာ အအိပ်စက်သူဆိုရင်တော့ ပတ်ဝန်းကျင်အခြေအနေကြောင့် အိပ်စက်ခြင်းမှာ အခက်အခဲရှိနိုင်ပါတယ်။
MiGi