စျေး မီဒီယာ
အခြား

အချစ်တေွအပြည့်နဲ့ အသဲဟင်းတစ်ခွက် ...

Posted by Harry May 25, 2018
Q2x97eitwkzbyq339luq

မေမေတို့ရေ ဒီကနေ့မှာတော့ ကလေးငယ်လေးတေွအတွက် အရသာရှိပြီး အားအင်တေွှပည့်ဖြိုးစေမယ့် ဖြည့်စွက်စာလေးကိုပြင်ဆင်ပေးလိုက်ရအောင်နော်။ ဒီဖြည့်စွက်စာလေးကိုတော့ ကလေးငယ်လေးတေွလည်း သဘောကျပြီး စားချင်စဖွယ်ဖြစ်အောင် "အချစ်တေွအပြည့်နဲ့ အသဲဟင်းတစ်ခွက်" လို့ အမည်ပေးလိုက်ရအောငေ်နာ်။

ပါ၀င်ပစ္စည်းများ ...
- ဆီ (သို့) ထောပတ် ... အနည်းငယ်
- ကြက်သွန်ဖြူ ... ၃ မွှာ
- ကြက်သွန်နီ ... ဥသေး ၁ လုံး
- စမုံစေ့ ... အနည်းငယ်
- ခရမ်းချဉ်သီး ... တစ်လုံး
- အားဖြည့်ဆန် ... စားပွဲဇွန်း ၂ ဇွန်း
- ပဲနီလေး ... စားပွဲဇွန်း ၂ ဇွန်း
- အာလူး ... အလုံးသေး ၁ လုံး
- မုန်လာဥနီ ... အလုံးသေး ၁ လုံး
- ရေွှဖရုံသီး ... အစိတ်သေး ၁ စိတ်
- ဂေါ်ဖီထုပ် ... အနည်းငယ်
- နနွင်း ... အနည်းငယ်
- အိုင်အိုဒင်းဆား ... အနည်းငယ်
- ငရုတ်သီးစိတ် ... တစ်တောင့်
- ၀က်အသဲ (သို့) ကြက်အသဲ ... ၅ ကျပ်သားခန့်
- နံနံပင် ... အနည်းငယ်

ပြင်ဆင်ချက်ပြုတ်နည်း ..
- ဦးစွာအိုးသန့်သန့်လေးထဲသို့ ဆီ (သို့) ထောပတ်ထည့်ပြီး အပူပေးပါ။ ဆီပူလာပါက ကြက်သွန်ဖြူဓားပြားရိုက်နှင့် ကြက်သွန်နီပါးပါးလှီးထားသည်များထည့်၍ ဆီသတ်ပါ။
- ဆီသတ်သည့်အခါ ဟင်းအနံ့မေွှးပြီးကလေးများကိုဆွဲဆောင်နိုင်စေဖို့အတွက် စမုံစေ့အနည်းငယ်ထည့်ပါ။
- ဆီသတ်ပြီးအနံ့မေွှးပြီး ကြက်သွန်များရဲလာပါက ရေဆေးပြီး အတုံးသေးသေးလေးများတုံးထားသည့် ခရမ်းချဉ်သီးထည့်မေွှပါ။
- ခဏကြာေအောင်မေွှပေးပြီးပါက ရေဆေးထားသည့် အားဖြည့်ဆန်နှင့် ပဲနီလေးကိုရောထည့်ပြီးမေွှပါ။
- အနည်းငယ်ကြာအောင်မေွှပေးပြီး ဆန်စေ့လေးများအရောင်ရဲလာပါက အခွံခွာပြီးရေစင်အောင်ဆေးကာ အစိတ်သေးသေးလေးများပြုလုပ်ထားသည့် အာလူး၊ မုန်လာဥနီ၊ ဂေါ်ဖီထုပ်၊ ရေဖရုံသီးထည့်ပါ။
- ဆား၊ နနွင်းအနည်းငယ်ထည့်ပါ။ ပြီးလှျင် သမအောင်ရောမေွှပေးပါ။
- အနံ့အတွက် ငရုတ်သီးတစ်တောင့်ကို အတောင့်လိုက်ထည့်မေွှပါ။
- အနံ့လေးသင်းပြီး မေွှးလာပါက ရေသန့် ဟင်းချိုပန်းကန်လုံး ၃ လုံးထည့်ပြီး ဆူပွက်အောင်တည်ပါ။
- ရေဆူပွက်လာပါက သန့်စင်ထားသည့် ၀က်အသဲ (သို့) ကြက်အသဲကို အတုံးလေးများတုံးထားပြီးထည့်ပါ။
- ရေခမ်းသည်အထိ အိုးတည်ထားပြီး အနည်းငယ်မေွှပေးပါ။
- ရေခမ်းပါက နံနံပင်အုပ်ပြီး မေွှပေးကာ မီးဖိုပေါ်မှချပြီး ငရုတ်သီးစိမ်းတောင့်ကို ဖယ်ထုတ်ပါ။
- အအေးခံပြီးပါက ကလေးငယ်သံဓာတ်အားပြည့်ပြီး ဖွံ့ဖြိုးမှုတိုးတက်စေရန်အတွက် Sprinkles အမှုန့်တစ်ထုပ်ထည့်မေွှပြီး ပန်းကန်လုံးလေးထဲထည့်ပြီး ပြင်ဆင်ကာ ကလေးငယ်များကို ကျေွးမေွးနိုင်ပါပြီ။

ပျော်ရွှင်ကျန်းမာတဲ့ မိသားစုဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေနော်။

မိခင်နဲ့ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.