မေမေတို့ရေ သားသားမီးမီးလေးတေွ အစာစားချင်စိတ်ရှိစေဖို့အတွက် ကလေးငယ်တေွစားချင်စဖွယ် ပြင်ဆင်ပေးဖို့လိုပါတယ်နော်။ ဘယ်လိုလေးပြင်ဆင်ပေးနိုင်မလဲဆိုတဲ့ နည်းလမ်းလေးကို မေမေတို့အတွက် မှျဝေပေးမယေ်နာ်။
အစားအစာတေွကို ကလေးလေးတေွှကိုက်တဲ့ ပန်းပွင့်ပုံလေးတေွ၊ အရုပ်ပုံစံလေးတေွ၊ ကာတွန်းပုံစံလေးတေွ လှီးဖြတ်ပြီးချက်ပြုတ်ပေးတာမျိုးပြုလုပ်ပေးနိုင်ပါတယ်။ နောက်ပြီး ဟင်းတေွ၊ မုန့်တေွကို ကလေးငယ်လေးတေွသဘောကျလောက်မယ့် အမည်မျိုး (ဥပမာ - သက်တံရောင်စဥဉ်ဟင်း၊ အနူးမြန်တဲ့ ရေွှကြက်ဖ၊ နှုတ်ခမ်းမေွှးကြီးနဲ့ ကိုရေွှပုစွန်၊ အစ္စတာပိုတေးတိုး) စတဲ့ ကလေးတေွစိတ်ဝင်စားပြီး ပျော်ရွှင်စေမယ့် နာမည်မျိုးလေးတေွ ရေွးချယ်နိုင်ပါတယ်။
ဟင်းသီးဟင်းရွက်တေွမစားဘဲ ကြွပ်ကြွပ်ရွရွလေးတေွကိုပဲကြိုက်တဲ့ ကလေးတေွအတွက် အသီးအရွက်တေွကို အကြော်မှုန့်လေးနဲ့မံပြီး ကြွပ်ရွနေအောင် ကြော်ကျေွးတာမျိုးလေး ပြုလုပ်နိုင်ပါတယ်။ အသားတုံးတေွမစားတဲ့ ကလေးတေွဆိုရင်တော့ အသားတေွကို ကြိတ်ချေပြီး ထမင်း၊ ခေါက်ဆွဲပြုတ်တို့နဲ့ ရောပြီးကျေွးနိုင်ပါတယ်။ အချိုကြိုက်တဲ့ကလေးတေွဆိုရင်တော့ အချိုများတဲ့ ရေဖရုံသီး၊ ပြောင်းဖူး၊ ကန်စွန်းဥတို့နဲ့ချက်ကျေွးနိုင်ပါတယ်နော်။ မုန့်သားရေစာမျိုးကြိုက်တဲ့ ကလေးတေွကိုတော့ သားငါးဟင်းရွက်တေွကို ဂျုံမှုန့်၊ ကြက်ဥ၊ Bread Crumb တို့နဲ့ရောပြီး ကြော်ပေးရင် မုန့်နံ့လေးသင်းနေတာမို့ ကလေးလေးတေွ သဘောကျစေနိုင်ပါတယ်မေမေတို့ရေ။
မေမေတို့ရေ ဒီလိုအကျိုးရှိတဲ့အကြောင်းအရာလေးကတော့ (စာရေးသူ ဒေါက်တာ မေမွန်ရဲ့ မေ့ရင်သေွးလေးကျန်းမာစေဖို့) ဆိုတဲ့ စာအုပ်လေးထဲမှာပါရှိပါတယ်နော်။ ဒီစာအုပ်လေးကိုသေချာဖတ်ရှုချင်တယ်ဆိုရင်တော့ ကျားလေးမှာ ဆက်သွယ်မှာယူနိုင်ပါတယ်နော်။
ပျော်ရွှင်ကျန်းမာတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်နိုင်ပါစေနော်။
မိခင်နဲ့ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)