စျေး မီဒီယာ
သုံးနှစ်အထက်

ကလေးတိ်ုင်းအတွက် အမြဲမှတ်မိနေစေမယ့် ကစားနည်းလေးတေွ!

Posted by Thinzar Win Myint Aung August 6, 2019
Mjitxasd2qtzwe7hunxk

လူတိုင်း ငယ်ငယ်ကတည်းက ကစားနည်းပေါင်းစုံကိုကစားဖူးကြပါတယ်။
မေမေဖေဖေတို ့ ငယ်ငယ်က ကစားခဲ့ဖူးတာလေးတေွကို ကလေးငယ်တေွနဲ့လိုက်ကစားစေဖို ့ သင်ပေးတဲ့အခါ စိတ်ရှည်ပြီး အချိန်ပေးဖို့လိုပါမယ်။
အရင်ကတည်းကရှိတဲ့ တချို ့ကစားနည်းလေးတေွက ခုထိ ဆန်းသစ်ဆဲပါ။
ခုထိကစားကြသေးတဲ့ကစားနည်းလေးတေွကိ်ု ဆက်ပြောပေးပါမယ်နော်။

အခုနောက်ပိုင်း ခေတ်စားလာတဲ့ ဖုန်းသုံးခြင်း အန္ဒရာယ်~

အခုခေတ်မှာ ဖုန်းတေွအရမ်းခေတ်စားလာတာမို ့ကလေးတိုင်းဟာ ကျွမ်းကျင်စွာသုံးလာနိုင်ကြပါတယ်။
မိဘတေွကလဲ အလုပ်အရမ်းများကြတဲ့အခါ ကလေးတေွကိုငြိမ်နေစေဖို ့ဖုန်းတေွ TV တေွ အမြဲပြထားတာဟာ
ကလေးရဲ ့မျက်စိတေွကိုထိခိုက်စေတဲ့ နည်းလမ်းအမှားတေွရဲ ့ အစပါပဲ။
အခုခေတ်ကလေးတေွကိုကြည့်လိုက်ရင် ၁နှစ်ကျော် ကလေးလေးတေွကအစ ဖုန်းတေွကို ကျွမ်းကျွမ်းကျင်ကျင် သုံးနိုင်နေကြတာကိုတေွ့ရပါတယ်။
ကလေးတေွကို ဆိုးကျိုးတေွကနေကာကွယ်ဖို့ အပြင်မှာဆော့ကစားခြင်းရဲ ့ကောင်းကျိုးလေးတေွကိုပြောပြပေးပါနော်။

မရိုးနိုင်တဲ့ ကစားနည်းလေးတေွကဘာတေွလဲ?

Leffezfniybwmxv88jpc

၁- တူတူပုန်းတမ်းကစားခြင်း~

တူတူပုန်းတမ်းကစားတာဟာ အချိန်များများ ပေးရပြီး ကစားစရာ အရုပ်လေးတေွမလိုတဲ့ကစားနည်းတခုပါ။
ဒီကစားနည်းလေးကတော့ ကလေးတယောက်ကနေ အခြားကလေးအကုန်လုံးကိုလိုက်ရှာတဲ့နည်းပါ။
ပြေးလွှားပြီးဆော့ကစားရတာမို ့ချေွးပုတ်တေွကိုလဲထွက်စေတဲ့အပြင် ကိုယ်ခန္ဓာမှာရှိတဲ့ အဆီတေွကိုလဲချေဖျက်စေပြီး ကြွက်သားတေွကိုပါသန်မာစေပါတယ်။

Pk5jtbxuni2klwfmsfb1

၂- ကြိုးခုန်ခြင်း~

ကြိုးခုုန်တာအရမ်းကိုပျော်ဖို ့ ကောင်းတဲ့ကစားနည်းပါပဲ။
ပေါ့ပါးပြီးလွှဲရလွယ်တဲ့ ကြိုးတချောင်းကို အစွန်း၂ဖက်ကနေ ကလေးတယောက်ဆီကကိုင်ထားပြီး တခြားကလေးတေွက တယောက်ပြီးတယောက် ခုန်ရတာမျိုးပါ။
အချိန်ကြာကြာကစားနိုင်ပြီး မရိုးသွားနိုင်တာမို့ ကလေးတေွအတွက် အဆင်ပြေပါတယ်။

၃- ဂေါ်လီပစ်ခြင်း~

ဂေါ်လီပစ်တဲ့ကစားနည်းမှာ ဖန်ဂေါ်လီလေးတေွကိုသုံးနိုင်သလို ရွှံ ့ဂေါ်လီလေးတေွကိုလဲသုံးနိုင်ပါတယ်။
ရွှံ ့ဂေါ်လီလေးတေွကို သူငယ်ချင်းတေွတစုတဝေးနဲ ့ အလုံးလေးတေွလုပ်ပြီး နေလှမ်းရတာကလဲပျော်စရာပါနော်။
အရုပ်ကလေးတေွထောင်ထားပြီး ဂေါ်လီလုံးလေးတေွနဲ့ ထိအောင်ပစ်ရတာမို ့ ရင်ခုန်စရာ ကစားနည်းတခုပါပဲ။

Itm1jdgip2cufevehgsn

၄- ကျားကွက်ကစားနည်း~

ကျားကွက် ကစားနည်းကလဲ ကလေးတေွအတွက် ဉာဏ်ရည်ပိုကောင်းစေပါတယ်။
လူကြီးတေွနဲ့အတူ သားသားမီးမီးလေးတို ့တွဲဆော့လို ့ရတာမို ့ ပိုပြီးရင်းနှီးစေပါတယ်။

ဒီထဲက မေမေဖေဖေတို ့ကစားခဲ့တဲ့နည်းလေးတေွ ကိုယ့်ရဲ ့သားသားမီးမီးလေးတေွနဲ ့ ပြန်ကစားရင်း မေမေ တို့ရဲ့ ငယ်ငယ်တုန်းက အမှတ်တရလေးတေွကိုပြန်ပြောလို့လဲရပါသေးတယ်နော်.....

TZWMA(Kyarlay)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.