
ကလေးငယ်လေးများကို အိပ်ယာဝင်ပုံပြင်ပြောပြတယ်ဆိုတာမျိုးဟာ စောတယ်ဆိုပြီးမရှိပါဘူး။ မေမေဖေဖေတို့အနေနဲ့ တတ်နိုင်သမျှစောစီးစွာဖတ်ပြနိုင်ရင်ပိုကောင်းပါတယ်။

အိပ်ယာဝင်ပုံပြင်များဟာ ကလေးများရဲ့ နှုတ်ဖြင့် ဆက်သွယ်ရေးကျွမ်းကျင်မှု၊ နားထောင်နိုင်စွမ်းရည်၊ မှတ်ဉာဏ်စွမ်းရည်နဲ့ ဘာသာစကားနားလည်နိုင်စွမ်းကိုပါတိုးတက်စေပါတယ်။ ပုံပြင်နားထောင်ခြင်းဟာကလေးငယ်များအတွက် ဝေါဟာရကြွယ်ဝခြင်းနဲ့ မတူညီသော ၀ါကျပုံသဏ္ဍာန်များလေ့လာခြင်းကို ငယ်ရွယ်စဉ်ကပင် တိုးတက် စေပါတယ်။ကလေးငယ်များဟာ ခန္ဓာကိုယ်ဘာသာစကား နားထောင်ခြင်းနဲ့ နှုတ်ဖြင့်ပြောဆိုခြင်းကို အချိန်နဲ့အမျှလေ့လာနေကြမှာပါ။သင်ကဖတ်ပြလေ ကလေးငယ်လေးကသင်ယူလေ ဖြစ်နေမှာပါ။

လူမှုရေးနဲ့စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုများအနေနဲ့ ကလေးငယ်ဟာ အရုပ်များ တိရစ္ဆာန်လေးများကိုပါ အာရုံရင့်သန်လာတာကိုတွေ့ရမှာပါ။ ကလေးရဲ့တိုးတက်မှုများကိုတွေ့ရမှာဖြစ်ပြီး စကားလုံးအသစ်များကို သိမြင်ခံစား ခံစားချက်များကိုဖော်ပြဖို့ ပြောပြပေးသင့်ပါတယ်။

သိမြင်ခံစားမှုစွမ်းရည်များတိုးတက်လာတာကိုလည်းတွေ့ရမှာပါ။ ၁၀လသားပတ်လည်ရှိတဲ့ ကလေးငယ်လေးများဟာ စာရွက် လှန်ခြင်းနဲ့ စကားလုံးအသစ်များနားထောင်ခြင်းကိုတတ်နိုင်စွမ်းကြပါတယ်။ အနည်းငယ်ပိုအရွယ်ရလာရင်တော့ ဘယ်ဘက်မှညာဘက်ကိုဖတ်ရှုခြင်းကို သင်ယူနိုင်မှာပါ။ တစ်နှစ်ပတ်လည်ရှိကလေးငယ်လေးများဟာ အိပ်ယာဝင်ပုံပြင်နားထောင်ခြင်းကြောင့် ပြဿနာဖြေရှင်းနည်း ကျွမ်းကျင်မှုကိုရရှိနိုင်မှာပါ။

အာရုံစူးစိုက်မှုတိုးတက်လာတာကိုလည်းတွေ့ရမှာပါ။ စာဖတ်ခြင်းအလေ့အကျင့်ကိုကလေးငယ်လေးများကို အိပ်ယာဝင်ပုံပြင်များဖတ်ပြပေးခြင်းဖြင့် ကျင့်သားရစေနိုင်ပါတယ်။ ဒီနည်းဟာတကယ်ကို ကျန်းမာရေးနဲ့ညီညွတ်ပြီး အသုံးဝင်တဲ့နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ ကလေးငယ်ရဲ့အာရုံစူးစိုက်မှု စွမ်းရည်ကို ညစဉ်ပုံပြင်ဖတ်ပြပေးခြင််းဖြင့် မြှင့်တင်ပေးနိုင်ပါတယ်။

စိုးရိမ်ပူပန်မှုကိုလည်းလျှော့နည်းစေနိုင်ပါသေးတယ်။ ပုံပြင်ဖတ်ပြခြင်းဟာ ကလေးငယ်များမအိပ်မီ စိတ်နဲ့ခန္ဓာကို အနားပေးဖို့ အကောင်းဆုံးနည်းတစ်ခုပါပဲ။ ကလေးငယ်များဟာ ပုံပြင်အတွင်းမှာလိုက်ပါစီးမြောနိုင်ပြီး စိုးရိမ်စိတ်များကို လျှော့ချပေးနိုင်ပါတယ်။
#MiGi