Kyarlay.com

over 1 year

မေမေတို့ရေ သီးစုံအနှစ်ဖြည့်စွက်စာလေး ပြင်ဆင်ရအောင်နော် ...


R28vegymingxpm5tw5bv

မေမေတို့ရေ ဒီတစ်ခါတော့ မုန်လာဥနီ၊ ရေွှဖရုံသီး၊ ပန်းသီးလေးတေွနဲ့အတူ စားချင်စဖွယ် သီးစုံအနှစ်ဖြည့်စွက်စာလေးပြင်ဆင်ပြီး သားသားမီးမီးတို့ကို ကျေွးလိုက််ရအောင်နော်။

ပါ၀င်ပစ္စည်းများ ....
- မုန်လာဥနီ ... တစ်ဥ
- ရေွှဖရုံသီး ... တစ်စိတ်
- ပန်းသီး ... တစ်ခြမ်း
- မိခင်နို့ (သို့) နွားနို့ (ကျိုချက်ပြီး) ... စားပွဲဇွန်းတစ်ဇွန်း

ပြင်ဆင်နည်း ...
- ဦးစွာ မုန်လာဥနီကို အခွံခွာရေဆေးပြီး အတုံးလေးများတုံးထားပါ။
- ရေွှဖရုံသီးကို အခွံခွာရေဆေးပြီး အတုံးလေးများတုံးထားပါ။
- ပန်းသီးကို အခွံခွာအစေ့အူတိုင်ဖယ်ရေဆေးပြီး အတုံးလေးများတုံးထားပါ။
- ပေါင်းအိုးသန့်သန့်ထဲသို့ ရေထည့်ပြီး အပေါ်တွင် ပေါင်းဇကာတင်ပါ။ ပေါင်းဇကာထဲသို့ မုန်လာဥနီ၊ ရေွှဖရုံသီး၊ ပန်းသီးတို့ကိုထည့်ပြီး အပူပေးပြီးရေငေွ့ဖြင့်ပေါင်းပါ။
- အသီးလေးများ နူးအိသွားပါက မီးဖိုပေါ်မှချပြီး blander ထဲသို့ နို့နှင့်ရောထည့်၍ ကြိတ်ချေပေးပါ။
- ပြီးလှျင် စားချင်စဖွယ်ပြင်ဆင်ပြီး သားသားမီးမီးတို့အတွက် ကျေွးမေွးနိုင်ပါတယ်။

မိခင်နဲ့ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)