Kyarlay.com

over 1 year

၆ လနဲ့အထက်သားသားမီးမီးတို့အတွက် ပန်းသီးထမင်းအနှစ် ..


Xl1tppvcowucjyfipcw0

မေမေတို့ရေ သားသားမီးမီးလေးတွေ ၆ လပြည့်ပြီးတဲ့အခါ ဖြည့်စွက်စာလေးတွေပြင်ဆင်ကျွေးဖို့အတွက် မေမေတို့က တစ်နေ့တစ်မျိုးမရိုးရအောင်ပြင်ဆင်ရတော့မယ်နော်။ ဒီလိုပြင်ဆင်တဲ့အခါမှာတော့ အခုတစ်ကြိမ်အတွက် ပန်းသီးထမင်းအနှစ်လေးပြုလုပ်ပေးပြီး ပြင်ဆင်ပေးလိုက်ရအောင်နော်။
ပန်းသီးထမင်းအနှစ်
==========

ပါဝင်ပစ္စည်းများ ...
- ဆန် ... စားပွဲတင်ဇွန်း ၃ ဇွန်း
- ပန်းသီး ... တစ်လုံး

ပြင်ဆင်ချက်ပြုတ်နည်း ...
- ဦးစွာဆန်ကိုရေဆေးပြီးရေစိမ်ထားပါ။ ပန်းသီးကို အခွံခွာအတုံးလေးများတုံးထားပါ။
- ဆန်ကိုရေစစ်ပြီး အိုးသန့်သန့်ထဲသို့ထည့်ပါ။ ပန်းသီးစိတ်များထည့်ပါ။ ရေပန်းကန်လုံးတစ်လုံးထည့်ပါ။
- ဆန်များနူးအိသွားသည်အထိ အပူပေးချက်ပြုတ်ပါ။
- ဆန်များနူးအိသွားပြီး ရေခမ်းစပြုပါက blander ထဲသို့ထည့်ပြီး ကြိတ်ချေပါ။
- ပြီးလျှင် အအေးခံပြီး သားသားမီးမီးတို့အတွက် ပြင်ဆင်ကျွေးနိုင်ပါပြီ။

Ref; HM (ကျားလေး)