မေမေတို့ရေ ကလေးငယ်လေးတေွရဲ့ ငယ်သွားလေးတွေဟာ ကလေးအစာစားချိန်မှာ ကြေညက်အောင် ကြိတ်ချေပေးသလို စကားပြောတဲ့အခါ ပီသအောင်လည်း ကူညီပေးတတ်ပါတယ်နော်။ ငယ်သွားလေးတွေသာ ပိုးစားပြီးအချိန်မတိုင်ခင်ဆုံးရှုံးခဲ့မယ်ဆိုရင် ကြီးတဲ့အခါ သွားတွေထပ်ကုန်တာ၊ သွားထွက်တဲ့လမ်းကြောင်း မညီမညာကောက်သွားတာတွေဖစ်တတ်ပါတယ်။ နောက်ပြီးငယ်သွားတွေပိုးစားခဲ့မယ်ဆိုရင် အခြားသွားတွေကိုလည်း ကူးစက်တတ်ပြီး ကြီးသွားဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်နော်။
အဲ့ဒီအတွက် ငယ်သွားလေးတွေ မပျက်စီးရအောင် မေမေ၊ ဖေဖေတို့က သွားမှန်မှန်တိုက်ခိုင်းတာ၊ သွားဆရာဝန်နဲ့ မကြာမကြာ စစ်ဆေးပေးတာတွေပြုလုပ်ပေးဖို့လိုပါတယ်။ ကလေးကိုအချိုတွေအများကြီး မကျွေးသင့်ပါဘူး။ အစားစားပြီးတိုင်း ပလုပ်ကျင်းတတ်အောင်လည်း လေ့ကျင့်သင်ကြားပေးဖို့လိုပါတယ်။ နို့စို့ရင်းအိပ်တတ်တဲ့အကျင့်ကလည်း ကလေးငယ်သွားပိုးစားတတ်ပါတယ်နော်။ ကလေးတွေအတွက် ဖော်စပ်ထားတဲ့ အချို့ဆေးတွေမှာလည်း အချိုပါတာကြောင့် ကလေးတွေဆေးသောက်ပြီးတဲ့အခါ ပလုပ်ကျင်းပေးဖို့လိုပါတယ်နော်။
မေမေတို့ရေ ဒီလိုအကျိုးရှိတဲ့အကြောင်းအရာလေးကတော့ (စာရေးသူ ဒေါက်တာ မေမွန်ရဲ့ မေ့ရင်သွေးလေးကျန်းမာစေဖို့) ဆိုတဲ့ စာအုပ်လေးထဲမှာပါရှိပါတယ်နော်။ ဒီစာအုပ်လေးကိုသေချာဖတ်ရှုချင်တယ်ဆိုရင်တော့ ကျားလေးမှာ ဆက်သွယ်မှာယူနိုင်ပါတယ်နော်။
မိခင်နဲ့ရင်သွေးငယ်တိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး