မေမေတို့ရေ သားသားမီးမီးလေးတွေ ဘယ်အသက်အရွယ် ဘယ်လောက်အထိ အိပ်စက်နိုင်မလဲဆိုတာကို သိဖို့အတွက် မေမေတို့ကို မျှဝေပေးချင်ပါတယ်နော်။ တကယ်တော့ ကလေးလေးတွေဟာ အသက်ငယ်လေများများအိပ်ဖို့လိုအပ်လေပါပဲနော်။ အိပ်စက်အနားယူခြင်းက ကလေးကိုစိတ်ရောကိုယ်ပါ ဖွံ့ဖြိုးတိုးတက်မှုမြန်စေပါတယ်။ ကလေးအသက်အလိုက်အိပ်စက်ချိန်လေးတွေကိုတော့ သုတေသီတွေက ဒီလိုသတ်မှတ်ထားပါတယ်တဲ့။
တစ်လ .... ညဘက်အိပ်ချိန် ၈ နာရီ၊ နေ့ဘက်အိပ်ချိန် ၈ နာရီ နဲ့ (နေ့အိပ်ချိန်အတိအကျမရှိ) စုစုပေါင်းအိပ်ချိန် ၁၆ နာရီ
သုံးလ .... ညဘက်အိပ်ချိန် ၁၀ နာရီ၊ နေ့ဘက်အိပ်ျိန် ၅ နာရီ နဲ့ (နေ့အိပ်ချိန် ၃ ကြိမ်) စုစုပေါင်းအိပ်ချိန် ၁၅ နာရီ
ခြောက်လ .... ညဘက်အိပ်ချိန် ၁၁ နာရီ၊ နေ့ဘက်အိပ်ချိန် ၃ နာရီကျော်ကျော် နဲ့ (နေ့အိပ်ချိန် ၂ ကြိမ်) စုစုပေါင်းအိပ်ချိန် ၁၄ နာရီ
ကိုးလ .... ညဘက်အိပ်ချိန် ၁၁ နာရီ၊ နေ့ဘက်အိပ်ချိန် ၃ နာရီ နဲ့ (နေ့အိပ်ချိန် ၂ ကြိမ်) စုစုပေါင်းအိပ်ချိန် ၁၄ နာရီ
တစ်နှစ် .... ညဘက်အိပ်ချိန် ၁၁ နာရီကျော်ကျော်၊ နေ့ဘက်အိပ်ချိန် ၂ နာရီခွဲ နဲ့ (နေ့အိပ်ချိန် ၂ ကြိမ်) စုစုပေါင်း ၁၄ နာရီနီးပါး
ရှိသင့်ပါတယ်တဲ့။
အသက်တစ်နှစ်ကနေ သုံးနှစ်အထိဆိုရင်တော့ ညဘက်မှာ အနည်းဆုံး ၁၁ နာရီနဲ့ စုစုပေါင်းအိပ်ချိန် ၁၂ နာရီကနေ ၁၃ နာရီအထိရှိသင့်တယ်လို့ဆိုပါတယ်နော်။ ကဲ မေမေတို့ကလည်း သားသားမီးမီးတို့ရဲ့ ရှိသင့်တဲ့အိပ်ချိန်လေးတွေကိုသိပြီဆိုတော့ ဘေဘီလေးတွေရဲ့ကျန်းမာပျော်ရွှင်မှုအတွက် စနစ်တကျလမ်းညွှန်ပေးလို့ရပြီနော်။
မေမေတို့ရေ ဒီလိုအကျိုးရှိတဲ့အကြောင်းအရာလေးကတော့ (စာရေးသူ ဒေါက်တာ မေမွန်ရဲ့ မေ့ရင်သွေးလေးကျန်းမာစေဖို့) ဆိုတဲ့ စာအုပ်လေးထဲမှာပါရှိပါတယ်နော်။ ဒီစာအုပ်လေးကိုသေချာဖတ်ရှုချင်တယ်ဆိုရင်တော့ ကျားလေးမှာ ဆက်သွယ်မှာယူနိုင်ပါတယ်နော်။
မိခင်နဲ့ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး