မေမေတို့ရေ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ အစစအရာရာ ဂရုစိုက်ကြရပါတယ်နော်။ ကိုယ်ဝန်ဆောင်ကာလမှာ မပေါ့မပါးနဲ့ အပြင်ကိုအရမ်းမသွားတာတော့ကောင်းတာပေါ့နော်။ လှုပ်လှုပ်ရှားရှားရှိဖို့ဆိုရင်တော့ အိမ်ထဲ၊ ခြံထဲမှာလမ်းလျှောက် သွားလာလှုပ်ရှားနေရင် အဆင်ပြေပါတယ်။ ဒါပေမယ့်လည်း မဖြစ်မနေသွားလာလှုပ်ရှားရဖို့လိုလာတဲ့အခါမှာတော့ ကားစီးတဲ့အခါ ဘယ်လိုဂရုစိုက်ရမယ်ဆိုတာလေးကို မျှဝေပေးမယ်နော်။
အခုအချိန်ကားစီးတဲ့အခါမှာလည်း ထိုင်ခုံခါးပတ်ပတ်ဖို့လိုတယ်နော်။ ယာဉ်မောင်းနှင်စီးနင်းတဲ့အခါ အန္တရာယ်မရှိစေဖို့အတွက် ထိုင်ခုံခါးပတ်ပတ်ဖို့လိုပါတယ်။ အဲ့ဒီလိုလုံခြုံဖို့အတွက် ထိုင်ခုံခါးပတ်ပတ်တဲ့အခါမှာတော့ ကိုယ်ဝန်ဆောင်မေမေတွေဆိုရင် အရမ်းကိုဂရုစိုက်ပေးရမှာပါ။ ခါးပတ်ကို ဒီအတိုင်းမပတ်ဘဲ ဗိုက်အောက်ကိုသေချာပင့်ထည့်ပြီးမှ ခါးပတ်ပတ်ဖို့လိုပါတယ်။ ထိုင်ခုံခါးပတ်ကို အမှုမဲ့အမှတ်မဲ့မထားမိဖို့ကိုတော့ ဂရုပြုပေးဖို့လိုပါတယ်နော်။
မေမေတို့ရေ ကိုယ်ဝန်ဆောင်ကာလမှာ အစစဂရုစိုက်ပြီး သွားလာနေထိုင်မှုလေးတွေအတွက် သတိလေးထားပေးဖို့လိုပါတယ်နော်။ လိုင်းကားတွေစီးတဲ့အခါမှာလည်း ဂရုတစိုက်နဲ့ ကားအဆင်းအတက်လေးတွေကို သတိထားကြဖို့အတွက် ကျားလေးကအကြံပြုလိုက်ပါတယ်နော်။
Ref;HM (ကျားလေး)