မေမေတို့ရေ ဘေဘီလေးအားရှိပြီး အာဟာရပြည့်ဝစေဖို့အတွက် အာလူးကိုဒီတိုင်းပြုတ်ကျေွးတဲ့အခါ ဘယ်စားချင်မလဲနော်။ အဲ့ဒီတော့ အာလူးလေးကို စားချင်စဖွယ်ဖြစ်အောင်ပြင်ဆင်ပြီး နို့အာလူးဖြည့်စွက်စာလေးအဖြစ် ကျေွးရအောင်နော်။
လိုအပ်တာကတော့ အာလူးအလုံးကြီးတစ်လုံးသာလိုပါတယ်။ နောက်ပြီး မိခင်နို့ (သို့) နွားနို့အနည်းငယ်လိုပါတယ်နော်။
- ဦးစွာ အာလူူးကိုရေစင်အောင်ဆေးပြီး ပြုတ်ရပါမယ်။ အာလူးနူးသွားပြီဆိုရင်တော့ အခွံခွာထုတ်ရမှာပါ။
- ပြီးရင်တော့ အာလူးကို နုတ်နုတ်စင်းပြီး ပန်းကန်လုံးလေးထဲမှာ နို့နဲ့အတူရောပြီး ကျေအောင်ချေပေးရမှာဖြစ်ပါတယ်။
- အရသာအတွက် အာလူးပြုတ်ချိန်မှာ ဆားလေးနည်းနည်းလောက်ထည့်ပေးလို့ရပါတယ်နော်။
မိခင်နဲကရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)