Kyarlay.com
over 1 year
မေမေတို့ရေ ဒီနေ့တော့ မက်မွန်သီးအနှစ်လေးပြုလုပ်ပြီး ဘေဘီလးတွေအတွက် ဖြည့်စွက်စာအဖြစ် ပြင်ဆင်ပေးလိုက်ရအောင်နော်။ ကလေးငယ်တွေဟာ အရသာကိုစူးစမ်းတတ်စအရွယ်၊ အစားတွေကို လေ့ကျင့်စားကြတဲ့အရွယ်ဆိုတော့ ကလေးငယ်တွေကို တစ်နေ့နဲ့တစ်နေ့မတူတဲ့သီးနှံလေးတွေ၊ မတူတဲ့ပြင်ဆင်မှုတွေ၊ မတူတဲ့အရသာတွေကို ပြင်ဆင်ကျွေးဖို့လိုပါတယ်နော်။ ဒါမှလည်း ကလေးငယ်တွေအနေနဲ့ အစားအစာမရွေးဘဲ အာဟာရပြည့်ပြည့်နဲ့စားသုံးတတ်မှာလည်းဖြစ်ပါတယ်။
မက်မွန်သီးအနှစ်ဖြည့်စွက်စာလေးပြင်ဆင်ဖို့ကတော့ မက်မွန်သီး ၃ လုံးလိုအပ်ပါတယ်။
- ဦးစွာ မက်မွန်သီးကို အိုးသန့်သန့်လေးထဲမှာ ထည့်ပြုတ်ရပါမယ်။
- ပြီးရင်တော့ အခွံနဲ့ အစေ့ကိုဖယ်ပြီး အသားအနှစ်တွေကို blander ထဲမှာ ထည့်ကျိတ်ရပါမယ်။
- blander ထဲကနေ ပန်းကန်လုံးလေးထဲထည့်ပြီး ကလေးငယ်ကို ပြင်ဆင်ကျွေးရမှာပါ။ ကလေးတွေပိုပြီးစားချင်စိတ်ရှိအောင် ပန်းကန်လုံးလှလှလေး၊ ဇွန်းလှလှလေးတွေနဲ့ ပြင်ဆင်ကျွေးမယ်ဆိုရင် ပိုမိုကောင်းမွန်ပါတယ်နော်
မိခင်နဲ့ရင်သွေးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)