Kyarlay.com

over 1 year

ဘေဘီလေးတွေကို ပြင်ဆင်ပေးဖို့အတွက် သရက်သီးအနှစ် ...


Zubyhsc9ohyr1anijcmh

မေမေတို့ရေ အခုလိုသရက်သီးတွေပေါများနေတဲ့ ရာသီမှာ ဘေဘီလေးတွေအတွက် သရက်သီးအနှစ်လေးပြင်ဆင်ကျွေးလိုက်ရအောင်နော်။ သရက်သီးရွေးချယ်တဲ့အခါမှာတော့ လတ်ဆတ်တဲ့သရက်သီးကောင်းကောင်းလေးကို မေမေတို့က ရွေးချယ်ဖို့တာပေါ့နော်။ လိုအပ်တာကလည်း မများပါဘူး။ လတ်ဆတ်တဲ့ စိန်တစ်လုံးသရက်သီးတစ်လုံးဆို ပြင်ဆင်ကျွေးလို့ရပါပြီနော်။

ပြုလုပ်နည်း ...
- ဦးစွာ လတ်ဆတ်သည့် စိန်တစ်လုံးသရက်သီးကို အညှာထိပ်ဖြတ်ပြီး အစေးကုန်အောင် တစ်နာရီခန့်ရေစိမ်ထားပါ။
- ပြီးလျှင် သရက်သီးအခွံခွာပြီး အတုံးလေးများတုံးကာ Blander ထဲသို့ထည့်ကျိတ်ပါ။
- blander ထဲတွင် ကျိတ်ပြီးသည့်သရက်သီးအနှစ်များကို ဇကာစိပ်ဖြင့် စစ်ချရပါမယ်။ ဒါမှသာ သရက်သီးအမျှင်လေးများစစ်သွားပြီး အနှစ်သီးသန့်ရရှိနိုင်မှာပါ။
- ကလေးငယ်လေးတွေကို ကျွေးမှာဖြစ်လို့ သရက်မျှင်များလုံးဝမပါစေရန် ဂရုစိုက်ရမှာဖြစ်ပါတယ်။
- သရက်နှစ်ရလျှင် ကလေးများသံဓာတ်အာဟာရပြည့်ဝစေရန်အတွက် Sprinkles အာဟာရမှုန့်ကိုထည့်သွင်းကျွေးနိုင်ပါတယ်။

မိခင်နဲ့ရင်သွေးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)