မေမေတို့ရေ ကာလသားရောဂါနဲ့ပတ်သက်ပြီး ရင်သေွးငယ်လေးတေွကို ကူးစက်တဲ့အခါဘယ်လိုဖြစ်နိုင်တယ်။ ကူးစက်မခံရအောင်ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာတေွကို မေမေတို့အတွက် မှျဝေပေးချင်ပါတယ်နော်။ ကာလသားရောဂါဟာ ကလေးကိုယ်ဝန်လနုစဉ်မှာ မိခင်ကိုကူးစက်ခံရရင် ဗိုက်ထဲမှာတင်ကလေးသေဆုံးပြီး ကိုယ်ဝန်ပျက်တတ်ပါတယ်။ လမစေ့ဘဲနဲ့လည်း ကလေးမေွးဖွားတတ်ပါတယ်။ ရောဂါရှိမှန်းမသိဘဲ ကုသမှုမခံယူဘူးဆိုရင် ကိုယ်ဝန်ထပ်တလဲလဲပျက်တာမျိုးတေွှဖစ်တတ်ပါတယ်နော်။
ကိုယ်ဝန်လရင့်မှကူးစက်ခံရတယ်ဆိုရင်တော့ ကလေးအရှင်မေွးပေမယ့် ရောဂါပါတဲ့ကလေးဖြစ်သွားတတ်ပါတယ်။ ရောဂါနဲ့ပတ်သက်ပြီး မိဘနှစ်ဦးလုံးမှာ ရောဂါရှိ၊ မရှိဆိုတာကို သေွးစစ်နိုင်ပါတယ်။ ရောဂါရှိမှန်းကြိုတင်သိရင်တော့ ကုသမှုခံယူပြီးပျောက်ကင်းသွားနိုင်တာကြောင့် ကိုယ်ဝန်မယူခင်ကတည်းက စစ်ဆေးကုသမှုတေွကို ပြုလုပ်ထားမယ်ဆိုရင်တော့ ကလေးမှာရောဂါခံစားရတော့မှာမဟုတ်ပါဘူးနော်။ နောက်ပြီးကိုယ်ဝန်ဆောင်တေွအနေနဲ့ စောစီးစွာကိုယ်ဝန်ဆောင်ကျန်းမာရေးစောင့်ရေှာက်မှုခံယူသင့်ပါတယ်။ ရောဂါတေွကိုစစ်ဆေးပြီး ကြိုတင်သိရှိတယ်ဆိုရင်တော့ ကလေးဆီကို ရောဂါမကူးစက်နိုင်အောင် ကာကွယ်နိုင်ပါတယ်နော်။
(မေ့ရင်သေွးမဂ္ဂဇင်းမှကောက်နုတ်ချက်)
Ref;HM (ကျားလေး)