Kyarlay.com

over 1 year

အာဟာရပြည့်ဖြည့်စွက်စာအနှစ် ပြုလုပ်နည်း ...


Zkqev2kvr0rvugqamtrm

မေမေတို့ရေ ဘေဘီလေးတွေအားအင်ပြည့်ဖြိုးပြီး အာဟာရပြည့်ဝစေမယ့် အာဟာရပြည့်ဖြည့်စွက်စာအနှစ်ပြုလုပ်ပုံလေးကို မေမေတို့အတွက် ဖော်ပြပေးမယ်နော်။

ပါဝင်ပစ္စည်းများ ...
ကြက်သား ... ၅ ကျပ်သား
မုန်လာဥနီ ... ၁ ဥ
ကန်စွန်းဥ ... ၁ ဥ
ရွှေဖရုံသီး ... ၁ စိတ်

ပြင်ဆင်ပြုလုပ်နည်း ...
- ဦးစွာ ကြက်သားကိုရေစင်အောင်ဆေးထားပါ။ မုန်လာဥနီ၊ ကန်စွန်းဥ၊ ရွှေဖရုံသီးတို့ကို အခွံခွာရေဆေးပြီး အတုံးလေးများတုံးထားပါ။
- ထမင်းပေါင်းအိုးထဲသို့ ရေအနည်းငယ်ထည့်ပြီး အပေါ်ဇကာတင်ပါ။ ပြီးလျှင် ဇကာထဲသို့ ကြက်သား၊ မုန်လာဥနီ၊ ရွှေဖရုံသီး၊ ကန်စွန်းဥတို့ကို ထည့်ပြီး ရေငွေ့ဖြင့်ပေါင်းပါ။
- အသားများ အသီးများနူးအိသွားပါက မီးဖိုပေါ်မှချ၍ blender ထဲသို့ရေကျက်အေးအနည်းငယ်ထည့်၍ ကျိတ်ပါ။ (မိခင်နို့ထည့်လျှင်လည်းရပါသည်။)
- အသားများကျိတ်ပြီးပါက ကလေးများသံဓာတ်အာဟာရပြည့်ဝစေရန်နှင့် အရပ်ရှည်ဖွံ့ဖြိုးစေလိုပါက Sprinkles အမှုန့်တစ်ထုပ်ထည့်ရော၍ ကျွေးနိုင်ပါသည်။

မိခင်နှင့်ရင်သွေးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)