
လက်လက်ထနေတဲ့ ကလေး သို့မဟုတ် အသက် ၅နှစ်မပြည့်သေးတဲ့ သင့်ရင်သေွးငယ်ကို မူကြို ပို့ထားခြင်းအားဖြင့် အိမ်မှာ မျက်စိနောက်သက်သာ၊ ခေါင်းနောက်တာ သက်သာသွားရုံ တစ်ခုတည်းနဲ့တော့ ကလေးကို မူကြိုသို့ မပို့လိုက်ပါနဲ့။ အနောက်နိုင်ငံများမှာတော့ မူကြို စောစောထားခြင်းအားဖြင့် ရလာနိုင်သည့် အကျိုးကျေးဇူးတေွကို သုတေသန လုပ်ကြည့်ရာ အောက်ပါအတိုင်းပဲ တေွ့ရပါတယ်။
၁။ မူကြိုထားသော ကလေးနှင့် မူကြိုမထားသော ကလေး ယှဉ်ကြည့်လှျင် မူကြိုနေခဲ့သော ကလေးက ကြီးလာလှျင် အတန်းပညာအားလုံး ပြီးဆုံးသည်အထိ သင်နိုင်ဖို့၊ အလုပ်ကောင်းကောင်း ရဖို့ အတွက် သေချာသည်ဟု ဆိုပါတယ်။(ကျှန်တော်ကတော့ မူကြိုတက်ဖြစ်တာ မတက်ဖြစ်တာထက် မူကြိုထားတတ်သည့် မိဘ ပတ်ဝန်းကျင်နှင့်မူကြို မထားတတ်သည့် မိဘ ပတ်ဝန်းကျင် ကွာခြားတာကြောင့်လို့ပဲ ထင်တယ်)။
၂။ ကြီးလာလှျင် စာမေးပွဲကျဖို့၊ အတန်းပြန်တက်ရဖို့၊ အချိန်ပိုတေွ သင်ပေးရဖို့အတွက်က နည်းလွန်းသည်ဟု ဆိုပါတယ်။
၃။ ကြီးလာလှျင် စည်းကမ်းတကျ နေတတ်ဖို့၊ ဥပဒေကို ရိုသေလေးစားတတ်သူ ဖြစ်ဖို့က ပိုသေချာတယ်။ မိန်းကလေးဆိုလှျင်လည်း အရွယ်မတိုင်မီ အချိန်မတန်မီ မေှာက်မှားမိဖို့ နည်းသည်ဟု ဆိုတယ်။(ဒီကောက်ချက်ကြီးကတော့ ကြီးမားလွန်းသွားပါပြီ။ ကျှန်တော်ကတော့ မူကြိုထားတာ မထားတာထက် မိဘက သားသမီးတေွကို အချိန်ပေးပြီး သွန်းသင်ဆုံးမ ပဲ့ပြင်တတ်တာက ပိုအရေးပါတယ်လို့ ထင်ပါတယ်။ ဟိုမှာရော ဒီမှာပါ ကျိန်းသေပေါက် ရနိုင်သည့် အကျိုးအမြတ်တစ်ခုကတော့ ပစ္စည်း ရပိုင်ခွင့်တစ်ခုခုကို အများနှင့်အတူ မှျဝေတတ်သည့် အလေ့အကျင့်ကို ရလာစေတာပါပဲ။
#Ref(ဒေါက်တာ ရဲမြင့်ကျော်- မေ့ရင်သေွးကောက်နုတ်ချက်မှ)