
မီးဖွားပြီးခါက မိခင်တေွအနေနဲ့ သူတို့ရဲ့ မေွးကင်းစရင်သေွးကို နို့ချိုတိုက်ကျေွနိုင်ဖို့အတွက် အာဟာရပြည့်ဝတဲ့ အစားအသောက်တေွ စားသုံးပေးဖို့ လိုအပ်ပါတယ်။ မိမိကိုယ်ကို အားအင်ဖြစ်စေမယ့် အရာတေွ စားသုံးပေးရုံသာမကပဲ ရင်သေွးငယ်အတွက်ပါရည်ရွယ်ပြီး စားသုံးနေရတာဖြစ်တာကြောင့် နို့တိုက်ကာလမှာ အစားမမှားဖို့ကလည်း အထူးဂရုစိုက်ရမယ့် အရာတစ်ခုပါပဲ။

နို့တိုက်မိခင်တေွအတွက် အကောင်းဆုံး အစားအစာက ဘာလဲ? ဒီမေးခွန်းဟာ နို့တိုက်မိခင်တေွ မဖြစ်မနေသိရှိထားသင့်တဲ့ အကြောင်းအရာ တစ်ခုပါ။ ဘယ်လိုအစားအစာမျိုးက သင့်ကလေးကို တိုက်ကျေွးမယ့် နို့ရည်ကို အကောင်းဆုံးဖြစ်အောင် စွမ်းဆောင်ပေးနိုင်မလဲ ။ ဘယ်လိုစားစရာက သင့်ရဲ့နို့ရည်ထုတ်လုပ်မှုကို မြင့်မားစေနိုင်သလဲ စတဲ့အရာတေွကို တစ်စုတစ်စည်းတည်း ဖော်ပြပေးသွားပါမယ်။

နို့တိုက်မိခင်တေွအတွက် နို့ရည်ထုတ်လုပ်မှုကိုအကောင်းဆုံး မြှင့်တင်ပေးနိုင်မှာကတော့ မုန်လာဥနီပါပဲ။ မုန်လာဥနီပုံမှန်စားသုံးပေးခြင်းဟာ နို့တိုက်မိခင်တေွအတွက် အံ့အားသင့်စရာကောင်းလောက်အောင် အကျိုးများစေမှာ ဖြစ်ပါတယ်။ နောက်ထပ်တစ်မျိုးကတော့ ဟင်းနုနယ်ရွက်ပါ။

သံဓါတ်ကြွယ်ဝစွာပါဝင်တဲ့ ဟင်းနုနယ်ရွက်ဟာ နို့တိုက်ချိန်မှာသာမက ကိုယ်ဝန်ဆောင်ကာလမှာကတည်းက စားသုံးပေးသင့်တဲ့ အစားအစာတစ်မျိုးပဲ ဖြစ်ပါတယ်။ လူကြိုက်အများဆုံး ဟင်းခတ်အမေွှးအကြိုင်တစ်မျိုးဖြစ်တဲ့ နနွင်းမှုန့်ဟာလည်း မိခင်နှင့်ကလေး ကျန်းမာရေးအတွက် အရမ်းအသုံးဝင်ပါတယ်။ တိုင်းရင်းဆေးအဖြစ်ပါအသုံးပြုနိုင်တဲ့ နနွင်းမှုန့်ဟာ နို့သီးခေါင်းကွဲအက်ခြင်းကို အကောင်းဆုံး ကုစားပေးနိုင်မှာပါ။

ဂျင်းနဲ့ကြက်သွန်ဖြူတို့ဟာလည်း နို့တိုက်မိခင်တေွအတွက် အသင့်တော်ဆုံး အစားအစာများအဖြစ် မပါမဖြစ် ထည့်သွင်းပေးရမှာပါ။ ဒါ့ကြောင့် နို့တိုက်မိခင်တေွအနေနဲ့ အထက်မှာ ဖော်ပြခဲ့တဲ့ အစားအစာတေွကို ပုံမှန်စားသုံးပေးသင့်ပါတယ်။
HYA (kyarlay)