စျေး မီဒီယာ
အခြား

သီးစုံကြက်သားစွပ်ပြုတ်ပြုလုပ်နည်း ...

Posted by Harry May 17, 2018
Fdv8nwcx5e7v2mhybsps

မေမေတို့ရေ ဒီနေ့မှာတော့ အသက် ၈ လနဲ့အထက်ဘေဘီလေးတေွကို စတင်ကျေွးမေွးလို့ရမယ့် သီးစုံကြက်သားစွပ်ပြုတ်လေးကို ပြင်ဆင်လိုက်ရအောင်နော်။

ပါ၀င်ပစ္စည်းများ ..
- ကြက်သား ၃၀ သား
- မုန်လာဥနီ ၂ ဥ
- ကြက်သွန်နီ ၃ ဥ
- ကြက်သွန်ဖြူ ၃ မွှာ
- မုန်ညင်း ၁ စည်း
- ထောပတ် လက်ဖက်စားဇွန်း ၃ ဇွန်း
- ခရမ်းချဉ်သီး ၂ လုံး

ပြင်ဆင်ချက်ပြုတ်နည်း ...
- ဦးစွာ ကြက်သားများကိုရေစင်အောင်ဆေးပြီး ကြက်သားမှုန့် (သို့) ဆားအနည်းငယ်ဖြင့် နယ်ထားပါ။
- ကြက်သွန်ဖြူနီ ပါးပါးလှီးထားပါ။ ကြက်သွန်နီ ၂ ဥကို အတုံးလေးများတုံးထားပါ။
- အိုးသန့်သန့်ထဲသို့ ထောပတ်ထည့်ပြီးအပူပေးပါ။
- ထောပတ်များပျော်လာပါက ပါးပါးလှီးထားသည့် ကြက်သွန်ဖြူနီထည့်၍ ဆီသတ်ပါ။ ဆီသတ်ပြီးလှျင် အတုံးလေးများတုံးထားသည့် ကြက်သွန်နီများထပ်ထည့်မေွှပါ။
- အိုးထဲသို့ ကြက်သားများထည့်ပြီးမေွှပါ။ ပြီးလှျင် ကြက်သားများနစ်မြုပ်သည်အထိ ရေထည့်ပြီးအဖုံးအုပ်ထားပါ။
- ရေဆူလာလှျင် ကြက်သားများမြုပ်အောင်ရေထပ်ထည့်ပြီး မုန်လာဥနီ၊ ခရမ်းချဉ်သီး၊ မုန်ညင်းများကို ရေဆေးလှီးပြီးအိုးထဲသို့ထည့်ပါ။
- တစ်နာရီခန့်ကြာအောင်အဖုံးအုပ်တည်ထားပါ။ ပြီးလှျင် အဖုံးဖွင့်မေွှပြီးပါက နောက်ရေအနေအထားကြည့်၍ နောက်ထပ် ၂ နာရီခန့်ကြာအောင် ထပ်မံအဖုံးအုပ်ပြီးတည်ထားပါ။
- ကြက်သားများနူးအိပြီး ကြေနေအောင်ကျိုချက်ပါ။ ပြီးလှျင် မီးဖိုပေါ်မှချပြီး အရည်စစ်ပြီးကြက်ရိုးများကိုသပ်သပ်ဖယ်ပါ။
- အရည်ကိုသပ်သပ်သိမ်းပြီး ကြက်သားဖတ်များနှင့် အသီးအရွက်ဖတ်များကို blander ထဲသို့ထည့်ကျိတ်ပြီးလှျင် ဘေဘီလေးများကို ပြင်ဆင်ကျေွးနိုင်ပါပြီ။
- ကျေွးသည့်အခါ ကျိတ်ထားသည့်အနှစ်ထဲသို့ ကြက်သားစွပ်ပြုတ်ရည်ကိုဆမ်း၍ ကျေွးနိုင်ပါသည်။
- တစ်နှစ်အထက်ဆိုပါက blender ဖြင့်မကျိတ်ဘဲ အိုးပေါ်မှချပြီး အရိုးများကိုဖယ်ထုတ်ကာ စွပ်ပြုတ်ကိုအအေးခံကျေွးနိုင်ပါသည်။

မိခင်နဲ့ရင်သေွးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.