Kyarlay.com

over 1 year

ရင်သွေးငယ်များအတွက် အစာပြင်ဆင်ကျွေးတဲ့အခါ သတိပြုရန်လိုအပ်ချက်များ ..


Toyj2nkmzjzp0pmntvxx

မေမေတို့ရေ ဘေဘီလေေးတွကို ဖြည့်စွက်စာပြင်ဆင်ကျွေးမွေးတဲ့အခါမှာ သတိပြုဖို့လိုအပ်တာလေးတွေလည်းရှိပါတယ်နော်။ အဲ့ဒီလိုသတိပြုစရာလေးတွေကို မေမေတွေမိသားစုတွေအားလုံး ဂရုစိုက်နိုင်ဖို့အတွက် ကျားလေးက မျှဝေပေးချင်ပါတယ်နော်။
- ချက်ပြုတ်ပြီးအစာကို ချက်ချင်းကျွေးနိုင်လျှင်ပိုကောင်းပါသည်။ ချက်ချင်းမကျွေးနိုင်ပါက ယင်ကောင်၊ ပုရွက်ဆိတ်၊ ပိုဟပ်မ၀င်အောင်ထားရမည်။ ရေခဲသေတ္တာရှိလျှင် ရေခဲသေတ္တာထဲသို့ထည့်ထားရမည်။
- ရေခဲသေတ္တာမရှိလျှင် ပြင်ဆင်ချက်ပြုတ်ပြီးသည် အစားအစာကို ၂ နာရီထက်ပိုကြာအောင်မထားရပါ။
- မကျွေးမီအပူပေးပြီးမှ နွှေးပြီးမှကျွေးပါ။
- ပြင်ဆင်ပြီးအစာကို ၁ နာရီ ၂ နာရီထက်ပိုကြာအောင် မထားသင့်ပါ။
- ပန်းကန်ခွက်ယောက်များကို သုံးပြီးပါက သန့်ရှင်သောရေ၊ ဆပ်ပြာဖြင့်စင်ကြယ်အောင်ဆေးပါ။ အသုံးပြုပြီးချိန်တွင်လည်း ရေဖြင့်တစ်ခေါက်ပြန်ဆေးပါ။
- အစာပြင်ဆင်သောနေရာ၊ ပန်းကန်များကိုသန့်ရှင်းအောင်ထားပါ။
- ကလေးများကိုယ်တိုင်အစားယူစားလျှင်ခွင့်ပြုပေးပါ။ (သို့သော်ကလေးလက်ကိုစင်ကြယ်အောင်ေဆးကြောပေးရန်နှင့် အောက်ကျသည့်အစာများကိုကောက်မစားရန်သတိပြုပေးပါ)
- မည်သည့်အစားအစာကိုမှ နို့ဗူးထဲထည့်မတိုက်ရပါ။ နို့ဘူးကိုစင်ကြယ်အောင်ဆေးကြောရခက်သည့်အတွက် ကလေးဝမ်းပျက်တတ်ပါသည်။
- ကလေးငယ်နှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် အထူးဂရုစိုက်ပေးပါ။

(မေ့ရင်သွေးမဂ္ဂဇင်းမှကောက်နုတ်ချက်)

မိခင်နဲ့ရင်သွေးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)