စျေး မီဒီယာ
အခြား

ကလေးငယ်တွေကို အစားကျွေးမှုအပေါ် မှားယွင်းသည့်အယူအဆများကို ရှင်းပစ်လိုက်ပါ ..

Posted by May Thaw Htoo July 26, 2022
H9myazzknamxaafuvdlc

မေမေတို့ရေ ဘေဘီလေးတွေကို အသက် ၆ လပြည့်ပြီဆိုတာနဲ့ ဖြည့်စွက်စာစတင်ကျွေးလို့ရပါပြီနော်။ အဲ့ဒီအချိန်မျိုးမှာ မေမေတို့တွေက အစားအစာတွေနဲ့ပတ်သက်ပြီး အယူအဆမှားအချို့တွေနဲ့ လက်ခံထားတာမျိုးတွေရှိတတ်ပါတယ်။ မေမေတို့တွေယူဆထားတဲ့ ဖယ်ရှင်းပစ်သင့်တဲ့အတွေးတချို့ကို ဖော်ပြပေးမယ်နော်။
- အချို့မေမေတွေက ကလေးအသားစားရင် (ဥပမာ - ငါး၊ အမဲသား၊ ပုဇွန်ခြောက်) တွေစားတဲ့အခါ သန်ထမယ်လို့ မှားယွင်းယူဆတတ်ပါတယ်။ တကယ်တော့ အသားမစားတဲ့ကလေးတွေဟာ အာဟာရချို့တဲ့လို့ ကျွေးမွေးသင့်ပါတယ်နော်။
- ပဲစားရင်ဗိုက်နာမယ်၊ ဝမ်းပျက်မယ်ဆိုတဲ့ ယူဆချက်တွေကိုလည်း မေမေတို့ကစွန့်လွှတ်သင့်ပါတယ်။ ပဲက ပရိုတင်းဓာတ်ဖြစ်ပြီး အသားလိုပဲအားရှိပါတယ်။ သန့်ရှင်းအောင်ချက်ပြုတ်ကျွေးမယ်ဆိုရင် ဘာမှမဖြစ်ပါဘူး။ ကလေးမှာဝမ်းပျက်နေချိန်၊ ဗိုက်နာနေချိန်တွေကိုတော့ရှောင်သင့်ပါတယ်နော်။
- နောက်တစ်ခုကတော့ ကြက်ဥ၊ ဘဲဥစားရင် ဝမ်းပုတ်မယ်ဆိုတဲ့ အယူအဆမှားတွေကိုလည်း ဖယ်ရှင်းပစ်သင့်ပါတယ်။ ကြက်ဥ၊ ဘဲဥတွေဟာ ကလေးတွေအတွက် ကိုယ်တွင်းအာဟာရကိုကောင်းမွန်ဖြစ်ထွန်းစေပါတယ်။ အနှစ်ရော၊ အကာပါကျွေးသင့်ပါတယ်။
- နွားနို့တွေကိုတော့ ကလေးတွေကိုတိုက်တဲ့အခါ သေချာကျိုချက်ပြီးမှတိုက်သင့်ပါတယ်နော်။
- ကလေးကိုဆား၊ ဆီမကျွေးရဘူးဆိုတဲ့ အယူအဆတွေကလည်း မှားယွင်းနေပါတယ်။ လည်ပင်းကြီးရောဂါကာကွယ်ဖို့နဲ့ အရသာရှိတဲ့စားစရာလေးဖြစ်ဖို့အတွက် အိုင်အိုဒင်းဆားလေးကိုတော့ သုံးစွဲပေးသင့်ပါတယ်မေမေတို့ရေ။
- မေမေတို့ဂရုပြုရမှာကတော့ ကလေးငယ်ရဲ့ အစာအိမ်က လက်တစ်ဆုပ်စာထက်အနည်းငယ်သာကြီးတာကြောင့် ကယ်လိုရီဓာတ်များများရစေဖို့ ထမင်းကိုဆီအနည်းငယ်ထည့်ပြီး ကျွေးမွေးသင့်ပါတယ်နော်။

(မေ့ရင်သွေးမဂ္ဂဇင်းမှ ကောက်နုတ်ချက်)

မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.