မေမေတို့ရေ ဘေဘီလေးတေွအတွက် အိပ်စက်မှုပုံစံလေးတေွနဲ့ပတ်သက်ပြီး အနေအထားမှန်ကန်စေဖို့အတွက် မေမေတို့အားလုံးက ဂရုစိုက်ပေးဖို့လိုပါတယ်နော်။ စတင်အိပ်စက်ချိန်မှာတော့ အနေအထားမှန်မှန်ကန်ကန်နဲ့ မေမေတို့က သိပ်လိုက်ပေမယ့် ညဘက်အိပ်စက်နေရင်း အနေအထားပုံစံပြောင်းလဲသွားတာမျိုးတေွရှိတဲ့အတွက် မေမေတို့က ပြန်လည်ပြောင်းလဲပေးဖို့လိုပါတယ်။ အနေအထားမှားယွင်းစွာအိပ်စက်ချိန်ကြာမြင့်သွားရင် ကလေးတေွရဲ့ဖွံ့ဖြိုးမှုတေွမှာ ထိခိုက်မှုတေွရှိတတ်ပါတယ်နော်။
ကုတင်လေးတေွနဲ့သိပ်တဲ့ကလေးတေွဆိုရင်လည်း ကလေးတေွရဲ့အနေအထားလေးတေွကို ပုံစံအနေအထားမှန်ကန်စေဖို့အတွက် ဂရုစိုက်ဖို့လိုပါတယ်နော်။ စောင်လေးနဲ့နေွးနေွးထေွးထေွးလေးထားတယ်ဆိုရင်လည်း ကလေးရဲ့ရုန်းကန်မှုတေွအပေါ် မေမေတို့က စောင့်ကြည့်ပြီး တစ်ရေးနိုးလာတဲ့အခါတေွမှာ ပုံသဏ္ဍာန်လေးပြန်လည်ပြင်ဆင်ပေးဖို့လိုအပ်ပါတယ်နော်။
မေမေတို့ရေ ဘေဘီလေးတေွကို နို့တိုက်ချိန်တေွမှာလည်း ကလေးငယ်ကိုချီပြီးမှသာ ရင်ခွင်ထဲထည့်ပြီး နို့ချိုတိုက်ကျေွးတာက ပိုမိုသင့်တော်တဲ့အနေအထားဖြစ်ပါတယ်တဲ့။ နောက်ပြီးကလေးတေွအိပ်နေတဲ့အချိန်မျိုးမှာ အနီးနားမှာ ဆေးလိပ်သောက်တာမျိုးတေွကိုလည်း မပြုလုပ်ဖို့အတွက် ရေှာင်ရှားဖို့လိုပါတယ်နော်။ ကလေးကိုသိပ်ထားတဲ့အခါမှာလည်း သက်တောင့်သက်သာရှိမယ့်ပုံစံအနေအထားမှသာထားသင့်ပါတယ်။ ကလေးကိုအရမ်းချုပ်တီးထားတဲ့ပုံစံမျိုးတေွကိုလည်း ရေှာင်ရှားဖို့လိုအပ်ပါတယ်နော်။
မိခင်နဲ့ရင်သေွးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)