Kyarlay.com

over 1 year

ကြက်သားရွှေဖရုံသီးထမင်းဖြည့်စွက်စာ ..


Iiigsdisknycdovu6ye3

မေမေတို့ရေ ဘေဘီလေးတွေအတွက် အာဟာရပြည့်ဝပြီး စားလို့ကောင်းခံတွင်းမြိန်စေမယ့် ကြက်သားရွှေဖရုံသီးအနှစ်ဖြည့်စွက်စာလေးကို ပြင်ဆင်ပေးလိုက်ရအောင်နော်။

ကြက်သားရွှေဖရုံသီးထမင်းဖြည့်စွက်စာ .
======================
ပါဝင်ပစ္စည်းများ ...
- ကြက်သား ... ၁၀ သား
- ရွှေဖရုံသီး ... တစ်စိတ်
- ဆန် ... ချက်ပြုတ်ပြီးဆန် ပန်းကန်လုံးတစ်ဝက်

ပြင်ဆင်ချက်ပြုတ်နည်း ..
- ဦးစွာကြက်သားကိုရေစင်အောင်ဆေးပြီး နူးအိနေအောင်ပြုတ်ထားပါ။ ကြက်သားပြုတ်ရာတွင် ကြက်သွန်ဖြူအနည်းငယ် ဓားပြားရိုက်ထည့်ပြုတ်နိုင်ပါတယ်။
- ကြက်သားနူးအိသွားလျှင် ကြက်သားတုံးကို ဆယ်ထားပါ။
- ကြက်ပြုတ်ရည်ထဲသို့ ချက်ပြုတ်ပြီးသားထမင်းများထည့်ပါ။
- ရွှေဖရုံသီးကို အခွံခွာရေဆေးပြီးအတုံးလေးများတုံးထည်ပါ။
- ဆူပွက်လာသည်အထိကျိုချက်ပြီးလျှင် ဖယ်ထားသည့်ကြက်ပြုတ်အတုံးမှအသားမျှင်လေးများအနည်းငယ်ယူပြီးထည့်ပါ။
- ရေခမ်းအောင်ချက်ပြုတ်ပြီးပါက blander ထဲသို့ထည့်ကျိတ်ပြီး ဘေဘီလေးများကို ကျွေးမွေးနိုင်ပြီဖြစ်ပါတယ်။ အရသာအတွက် ကြက်ပြုတ်ရာတွင် ဆားအနည်းငယ်ထည့်နိုင်ပါသည်။ (မထည့်လျှင်လည်းရပါသည်)
Ref;HM (ကျားလေး)