
ကလေးငယ်တေွဟာ သူတို့ကြားသမှျအရာအားလုံးကို ယုံကြည်ကြပါတယ်။ နေ့စဉ်ကြားနေရတဲ့ ကောင်းတဲ့စကား ၊ မကောင်းတဲ့စကား ၊ ပျော်ရွှင်စရာ ၊ ဝမ်းနည်းစရာ ၊ ကြောက်ရွံ့စရာ စတဲ့စကားတေွကို သူတို့ အကြွင်းမဲ့နီးပါး ယုံကြည်ကြပါတယ်။ ကလေးငယ်တေွကို သူတို့လိုချင်တဲ့အရာကို ကြိုးစားအားထုတ်ရင် ရနိင်ကြောင်း ပြောရင် ယုံကြည်မှုပိုမိုမြင့်မားလာနိုင်သလို အနှုတ်လက္ခဏာဆောင်တဲ့ စကားတေွ ပြောမယ်ဆိုရင်လည်း သူတို့ရဲ့ ယုံကြည်မှု စိတ်ခွန်အားပိုင်းမှာ ထိခိုက်မှု ရှိနိုင်ပါတယ်။

ကလေးအရွယ်ဟာ ကြင်နာယုယပြီး အပြုသဘောဆောင်တဲ့ စကားမျိုးကို မကြာခဏကြားရဖို့ အရမ်းကို အရေးကြီးပါတယ်။ အဲ့ဒါကြောင့် မိဘတေွအနေနဲ့ ကလေးငယ်ရဲ့ စိတ်ဓာတ်ခွန်အားကို အကောင်းဆုံး မြှင့်တင်ပေးနိုင်မယ့် စကားလုံးတေွကို ရေွးချယ်ပြောကြားပေးဖို့ လိုအပ်ပါလိမ့်မယ်။ ဒါ့ကြောင့် ကလေးငယ်တေွကို မဖြစ်မနေပြောပေးသင့်တဲ့ စကားစုများကို ဒီဆောင်းပါးမှာ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

၁။ မင်းဟာဘုရားပေးတဲ့လက်ဆောင်လေးပဲ။
၂။ မင်းကြောင့် ငါအမြဲတမ်းပျော်နေရတယ်။
၃။ လူတိုင်းက မင်းကို ချစ်ကြတယ်။
၄။ မင်းပုံစံက အရမ်းကို ထူးခြားတာပဲ။
၅။ အသက်ငယ်ငယ်လေးနဲ့ လူကြီးတစ်ယောက်လိုပဲ။
၆။ ငါတို့အားလုံး မင်းကိုချစ်ပါတယ်။
ရ။ မင်းအနားမှာမရှိရင် သိပ်သတိရတာပဲကွယ်။

၈။ မင်းရဲ့ရိုးသားမှုက မင်းပိုင်ဆိုင်သမှျထဲမှာ အကောင်းဆုံးအရာပဲ။
၉။ မင်းအသံက ကြည်လင်ပြတ်သားလှချည်လား။
၁၀။ မင်းကအရမ်းဉာဏ်ကောင်းတဲ့ ကလေးပဲ။
၁၁။ မင်း တစ်ချိန်ချိန်မှာ ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်လာလိမ့်မယ်။
၁၂။ မင်းစကားပြောတာကို နားထောင်ရတာ အရမ်းသဘောကျတယ်။
၁၃။ ကြိုးစားမှုက ဘယ်တော့မှ အလဟဿမဖြစ်ဘူးကွယ့်။
၁၄။ ဘယ်တော့မှ အရှုံးမပေးနဲ့။ ကြိုးစားမှုရဲ့နောက်မှာ အောင်မြင်မှု လိုက်လာလိမ့်မယ်။

၁၅။ မင်းဟာ အရမ်းကြင်နာတတ်တဲ့ကလေးပဲ။
၁၆။ လူတေွကို အကူအညီပေးဖို့ ဘယ်တော့မှ မရှက်ပါနဲ့။
၁၇။ နေ့တိုင်းဟာ မတူညီနိုင်ပါဘူး။ မင်းဟာအရမ်းသန်မာတဲ့ ကလေးပဲ။ ငါမင်းကိုယုံတယ်။
၁၈။ မင်းမှာ အတေွးအခေါ်ကောင်းတေွရှိတယ်။ မင်းဟာ ပါရမီရှင်လေးပဲ။
၁၉။ များများပေးလေလေ ပျော်ရွှင်မှုတေွ ရလေလေပဲ။
၂၀။ မင်းလိုကလေးမျိုးကို ပိုင်ဆိုင်ရတဲ့အတွက် ငါအရမ်းဂုဏ်ယူမိတယ်...။

ကလေးငယ်တေွရဲ့ စိတ်အခြေအနေကို လျင်လျင်မြန်မြန်တိုးတက်စေနိုင်ဖို့အတွက် ခွန်အားဖြစ်စေမယ့် စကားလုံးများ ပြောကြားခြင်းဟာ အကောင်းဆုံးသော နည်းလမ်းတေွထဲက တစ်ခုပဲဖြစ်ပါတယ်။ ဆရာ ၊ မိဘတေွအနေနဲ့ ကလေးငယ်ကို စိတ်ဓာတ်ခွန်အားပေးစကားစုမျးပြောကြားပေးခြင်းဖြင့် အနာဂတ်ရဲ့ ခေါင်းဆောင်လေးတေွကို ပြုစုပျိုးထောင်ပေးသင့်ပါတယ်။
HYA (kyarlay)