စျေး မီဒီယာ
တစ်နှစ်မှ သုံးနှစ်

သင့်ကလေးငယ်ကို မူကြိုပို့ဖို့ ဘယ်အချိန်က အသင့်တော်ဆုံးဖြစ်မလဲ

Posted by Htoo Yan Aung July 18, 2019
Fzjcotbwuemvdgrirw7h

ပြိုင်ဆိုင်မှု ပြင်းထန်လှတဲ့ ယနေ့ခေတ် ကမ္ဘာကြီးမှာတော့ သင့်ကလေးငယ်ရဲ့ ပညာရေးကို သူများတေွထက်အရင် စောစောစီးစီး စတင်ပေးနိုင်ဖို့ စဉ်းစားမိကြမှာပါ။ ယနေ့မှာတော့ ကလေးငယ်တေွဟာ ဗျည်းအက္ခရာတေွကို နားမလည်နိုင်သေးတဲ့ အရွယ်မှာတင် မူကြိုကျောင်းမှာ ယောင်ပေပေနဲ့ အချိန်ကုန်နေရပါတယ်။ တစ်ချို့မိဘတေွဆိုရင် သူတို့ရဲ့ ကလေးငယ် မမေွးဖွားခင်မှာကတည်းက မူကြိုထားဖို့ စာရင်းပေးပြီးနေတာကို ကျွန်တော်တို့ ပတ်ဝန်းကျင်မှာတင် တေွ့မြင်လာရပါပြီ။

Osodygbygkeqp4bcwoow

မူကြိုကျောင်းမှာ အတော်ဆုံးကျောင်းသားဖြစ်ဖို့ သားသမီးတေွကို ငယ်ငယ်ရွယ်ရွယ်နဲ့ အပြင်းအထန် တွန်းအားပေးကြပါတယ်။ ပညာရေးရဲ့ အခြေခံအုတ်မြစ်ဟာ မူကြိုကျောင်းက စတင်တာဖြစ်တာကြောင့် သင့်ကလေးငယ်ရဲ့ မူကြိုအတက်ရောက်သင့်ဆုံး အရွယ်ကို သိထားဖို့ အရမ်းအရေးကြီးပါတယ်။ မူကြိုအတက်သင့်ဆုံးအရွယ်မှာ ပို့ဆောင်နိုင်မှသာ အနာဂတ်ပညာရေးအတွက်လည်း အကောင်းဆုံးလမ်းကြောင်းပေါ်ကို ရောက်ရှိစေမှာ ဖြစ်ပါတယ်။

Pgmvrcvwvrucrcwkcb0z

ဘယ်အချိန်မှာ သင့်ကလေးငယ်ကို မူကြိုပို့သင့်သလဲ? ဒါအရမ်းကို အရေးကြီးတဲ့အချက်ပါ။ သင့်ကလေးငယ်အတွက် မူကြိုကျောင်းထားတာ စောခြင်း ၊ နောက်ကျခြင်း စတဲ့ အခက်အခဲတေွ မဖြစ်ပေါ်ရအောင် အခုဖော်ပြပေးသွားမယ့် အချက်တေွက အထောက်အကူ ပေးကောင်း ပေးနိုင်ပါလိမ့်မယ်။

၁။ အသက်အရွယ်

Cynn8fqzumqi9wfusmrf

သင့်ကလေးငယ်ကို မူကြိုကျောင်းပို့ဖို့အတွက် သတ်မှတ်ထားတဲ့ အသက်ပြည့်မှီဖို့ လိုအပ်ပါတယ်။ ယနေ့ခေတ်မူကြိုအများစုကတော့ အသက်သုံးနှစ်ပြည့်မှသာ လက်ခံလေ့ရှိကြတာဖြစ်ပြီး သုံးနှစ်အရွယ်မတိုင်မီကတည်းက ကလေးငယ်အနေနဲ့ မူကြိုတက်ချိန်မှာ မိဘနဲ့ ခေတ္တခွဲနေနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။ ကလေးငယ်ရဲ့ အသက်၂နှစ်ခွဲအရွယ်မှာတင် စောင့်ကြည့်ထားတာကတော့ အကောင်းဆုံး ဖြစ်မှာပါ။

၂။ မေးခွန်းများ

Qqifkynm2nnqqme7cx6f

သင့်ကလေးငယ်ရဲ့ ထူးခြားတဲ့ ပြောင်းလဲမှုတေွကို ကြည့်ပြီးတော့လည်း မူကြိုပို့ဖို့ အဆင်သင့်ဖြစ်နေကြောင်း မိဘတေွအနေနဲ့ သိရှိနိုင်ပါတယ်။ အဓိက ကတော့ အရင်ကထက် မေးခွန်းတေွပိုမေးလာတာပါပဲ။ သင့်ကလေးငယ်ရဲ့ ဦးနေှာက်ဖွံ့ဖြိုးမှုနှုန်း တိုးတက်လာတာနဲ့အမှျ မြင်တေွ့နေရတဲ့ အရာဝတ္ထုတေွအပေါ် စူးစမ်းလိုစိတ်တေွ ဖြစ်ပေါ်လာတာကြောင့် မေးခွန်းတေွကို မကြာခဏ အသုံးပြုလာတာ ဖြစ်ပါတယ်။ ဒီအချက်ဟာလည်း သင့်ကလေးငယ်ကို မူကြိုပို့ဖို့ရာ အရေးပါတဲ့ အချက်တစ်ချက် ဖြစ်ပါလိမ့်မယ်။

၃။ အျပန္အလွန္ဆက္သြယ္မႈ

Fiy57b2sufrxzjpdgrlb

နို့စို့အရွယ် ကျော်လွန်လာချိန်မှာတော့ သင့်ကလေးငယ်နဲ့ သင့်အကြားမှာ အပြန်အလှန်ဆက်သွယ်မှု ပိုမိုလွယ်ကူလာတာကို မြင်တေွ့ရမှာပါ။ ဒီလက္ခဏာကို သင့်အနေနဲ့ သတိပြုမိလာပြီဆိုရင်တော့ သင့်ကလေးငယ်ဟာ မူကြိုပို့ဖို့ အကောင်းဆုံးအချိန်ရောက်နေပြီဆိုတာ သိထားရမှာ ဖြစ်ပါတယ်။

Civuzjknywn4aqeoa8ex

မိဘတေွအနေနဲ့ အဓိကသတိထားရမယ့် အရေးကြီးဆုံးအချက်ကတော့ ကလေးတေွဟာ တစ်ယောက်နဲ့တစ်ယောက် မတူညီကြဘူးဆိုတာပါပဲ။ တစ်ချို့ကလေးတေွဟာ အသက်၂နှစ်ခွဲအရွယ်ကတည်းက မူကြိုတက်ဖို့ အဆင်သင့် ဖြစ်နေကြပေမယ့်လည်း တစ်ချို့ကလေးတေွကတော့ အသက်၄နှစ်ရောက်သည့်တိုင် စကားပီပီသသပြောဖို့ ခက်ခဲနေကြတုန်းပါ။ ဒါ့ကြောင့် သင့်အနေနဲ့ သင့်ရဲ့ ရင်သေွးငယ်ရဲ့ ပြောင်းလဲမှုတေွကို စိတ်ရှည်ရှည်နဲ့စောင့်ကြည့်ပြီး မူကြိုပို့ဖို့အသင့်တော်ဆုံး အချိန်ကို မှန်မှန်ကန်ကန် ဆုံးဖြတ်ချက် ချနိုင်စေဖို့ ရည်ရွယ်ရင်း....

HYA (kyarlay)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.