
အမျိုးသမီး အများစုဟာ ကိုယ်ဝန်ဆောင်ကာလမှာ ချဉ်ခြင်းတက်လေ့ရှိကြပါတယ်။ အထူးသဖြင် ့ချိုတဲ့အရသာပါတဲ့ အစားအစာတေွကို အများဆုံး ချဉ်ခြင်းတက်လေ့ရှိတာကို တေွ့ရမှာပါ။ ဒါပေမယ့် မေွးဖွားလာမယ့် ကလေးငယ်ရဲ့ ကျန်းမာရေးအတွက် အစားအသောက်ကို အဓိက ချင့်ချိန်စားသုံးဖို့ အရေးအကြီးဆုံး အချိန်ဟာလည်း ကိုယ်ဝန်ဆောင်ချိန်ပါပဲ။

ဒီလိုအရေးကြီးဆုံး ကာလဖြစ်တဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ အကောင်းဆုံးအစားအစာအဖြစ် သတ်မှတ်ကြတာကတော့ ကီဝီသီးပဲ ဖြစ်ပါတယ်။ အရည်ရွှမ်းပြီး ချိုမြိန်တဲ့ အရသာပေးစွမ်းတဲ့ ကီဝီသီးရဲ့ အဓိကအားသာချက်ကတော့ ကိုလက်စထရော လုံးဝမပါဝင်ခြင်းပါပဲ။ ဒါ့အပြင် သကြားဓာတ်နဲ့ အဆီလည်း ပမာဏအနည်းငယ်သာ ပါဝင်နေပါတယ်။

ကီဝီသီးဟာ အာဟာရဓာတ်အကြွယ်ဝဆုံး အသီးတစ်မျိုးလို့ သတ်မှတ်လို့ရပါတယ်။ သူ့မှာ သံပုရာသီးမှာ ပါဝင်တဲ့ ဗီတာမင်စီ ပမာဏရဲ့ နှစ်ဆတိတိ ပါဝင်နေပါသေးတယ်။ ကိုယ်ဝန်ဆောင်တေွ မဖြစ်မနေစားသုံးပေးသင့်တဲ့ အမှျင်ဓာတ် ၊ ဗီတာမင်အီး ၊ ကာဗွန်ဟိုက်ဒရိတ် နဲ့ တခြားသတ္ထုဓာတ်တေွလည်း အမြောက်အမြား ပါဝင်နေတာ ဖြစ်ပါတယ်။

ဖောလစ်အက်ဆစ်ကြွယ်ဝစွာပါဝင်မှုဟာ သန္ဓေသားရဲ့ ဆဲလ်ဖွံ့ဖြိုးမှုနှုန်းကို လျင်မြန်စေပါတယ်။ ကီဝီသီးရဲ့ ဖောလစ်အက်ဆစ် ပါဝင်မှုနှုန်းဟာ ကိုယ်ဝန်ဆောင်မိခင်မကပဲ ကိုယ်ဝန်ဆောင်ဖို့ ဆန္ဒရှိတဲ့ အမျိုးသမီးသမီးတေွအတွက်ပါ ပုံမှန်စားသုံးပေးရင် အကျိုးများစေပါတယ်။

ဒ့ါအပြင် အစာခြေစနစ်ကို ကောင်းမွန်စေပြီး ဟော်မုန်းပြောင်းလဲမှုတေွကိုလည်း ထိန်းညှိပေးနိုင်တဲ့ ကီဝီသီးဟာ ကို်ယ်ဝန်ဆောင်အမျိုးသမီးတေွအတွက်သာမကပဲ သင့်ရဲ့ နေစဉ်စားသုံးတဲ့ အစားအစာ မီနူးထဲမှာ မဖြစ်မနေ ပါဝင်သင့်တဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။
HYA (kyarlay)