Kyarlay.com

over 1 year

၈ လ အရွှယ် ဖြည့်စွက်စာပြုလုပ်နည်း( ခရမ်းချဉ်သီးအနှစ်စွပ်ပြုတ်ရည် ပြုလုပ်နည်း )


Lcphqk5zoetslrdj73ol

မေမေတို့ရေ ဒီနေ့တော့ သားသားမီးမီးလေးတွေအတွက် ခရမ်းချဉ်သီးအနှစ်စွပ်ပြုတ်ရည်လေးကို ဘယ်လိုပြုလုပ်ပေးရမလဲဆိုတာကို မျှဝေပေးချင်ပါတယ်။ ပါဝင်ပစ္စည်းတွေကလည်း အများကြီးမရှိပါဘူးနော်။
- ခရမ်းချဉ်သီး အလုံးကြီးတစ်လုံး
- ထောပတ်အနည်းငယ်
- ရေအနည်းငယ်
- ဟင်းခတ်မှုန့် (ကြက်သားမှုန့်) အနည်းငယ် တို့ပဲလိုပါတယ်နော်။

ပြင်ဆင်ပြုလုပ်နည်း ..
- ဦးစွာခရမ်းချဉ်သီးကို ရေဆေးပြီး အတုံးလေးများတုံးထားပါ။
- အိုးသန့်သန့်ထဲသို့ ခရမ်းချဉ်သီး၊ ရေ၊ ဟင်းခတ်မှုန့်ထည့်ပြီးပြုတ်ပါ။
- အရည်ခမ်းစပြုပြီဆိုပါက blander ထဲသို့ ထည့်ပြီး ထောပတ်အနည်းငယ်ထည့်၍ ကျိတ်ပါ။
- ပြီးပါက ဘေဘီလေးတွေအတွက် ပြင်ဆင်ကျွေးမွေးနိုင်ပါပြီ။
(အသက် ၈ လနှင့်အထက် ကလေးငယ်များအတွက်)
Ref;HM (ကျားလေး)