ဒီပြဿနာကို အကြမ်းဖျင်းအားဖြင့် စိတ်ပညာရှင်တေွကတော့ နှစ်ပိုင်း ပိုင်းလေ့ရှိတယ်။ (၁) ၁ဝနှစ်သား အရွယ်ထက်စော၍ သတိထားမိသော ပြဿနာ၊ (၂) ထို့ထက်နောက်ကျသော ပြဿနာဟူ၍ ဖြစ်ပါတယ်။ ၁ဝနှစ်သားထက် နောက်ကျ၍ ဖြစ်သော ပြဿနာက အဓိကအားဖြင့်တော့ ပတ်ဝန်းကျင်ပေါ်မှာ အဓိက မူတည်တယ်။ ၁ဝနှစ်အောက်တွင် စဖြစ်သော ပြဿနာကတော့ မမေွးခင် မေွးကင်းစ ကြုံတေွ့ခဲ့ရသော ဒဏ်ရာဒဏ်ချက်များနှင့် ငယ်ရွယ်စဉ်မှာ မိဘတို့၏ စနစ်တကျ လေ့ကျင့်သင်ကြားပေးတဲ့အပေါ် အဓိက မူတည်နေပါတယ်။
မမေွးခင်ဆိုသော စကားလုံးက အတော်အံ့အားသင့်စရာ ဖြစ်ကောင်း ဖြစ်နေပါလိမ့်မယ်။ ဒါဟာ အမှန်ပါပဲ။ မမေွးခင်ကတည်းက မိခင်ဆေးလိပ်သောက်ခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းတို့ဟာလည်း ပြောမရ ဆိုမရသော ကလေးတေွ ဖြစ်လာဖို့ နီးစပ်စေကြောင်း သုတေတသနများက ဆိုထားပါတယ်။ မေွးကင်းစတွင် ကြုံတေွ့ခဲ့ရသော ကျန်းမာရေး ပြဿနာများ အသက်လေး ငယ်ငယ် ဦးနေှာက်လေး အင်နှင့်အားနှင့် ဖွံ့ဖြိုးနေသသည့် နာတာရှည် ရောဂါများဖြစ်၍ နာလန်ပြန်မထူနိုင်ပါက ညဏ်ရည်နှင့် ဆင်ခြင်တုံတရားကို ထိခိုက်တတ်ကြောင်းကတော့ အရင် ဆောင်းပါးထဲတွင်လည်း ကျှန်တော် ရေခဲ့ဖူးပါတယ်။
အခုတော့ သုတေသနပညာရှင်များက ကိန်းဂဏန်းတေွနှင့် သက်သေပြလာကြတယ်။ နာတာရှည်ရောဂါတစ်ခု ငယ်စဉ်မှာ ဖြစ်ခဲ့ပြီး နာလန်မထူလှျင် ထိုပြောမရ ဆိုမရ ကလေးတေွ ဖြစ်လာဖို့ သုံးဆပိုများသည်ဟု ဆိုပါတယ်။ မျိုးရိုးဗီဇ အာရုံကြော အနည်းငယ် ထိခိုက်ထားခြင်း အစရှိသောပြုပြင်မရသည့် အချက်များသည် ပြောမရ ဆိုမရဖြစ်သောကလေးတေွ ဖြစ်လာရာတွင် အရေးပါသင့်သလောက် ပါသော်လည်း မိဘ၏ သွန်သင်ဆုံးမမှုှုနှင့် ပတ်ဝန်းကျင်၏ ရေခံ၊ မြေခံကောင်းမှုတေွက ထိုအားနည်းချက်ကလေးများကို ဖုံးလွှမ်းပစ်နိုင်ကြောင်းကိုလည်း အထောက်အထားများက ဖော်ပြနေကြတယ်။
ပြောမရ ဆိုမရဖြစ်သော ကလေးတေွှဖစ်လာရခြင်း၏ အကြောင်းအရင်း(၉)ချက် ရှိတယ်။
ထိုအရာတေွကတော့
၁။ မိဘ၏ ကြင်နာစွာ ယုယပျိုးထောင်မှု အားနည်းခြင်း
၂။ မိဘက ကလေးကို ကိုယ်(သို့မဟုတ်)စိတ်နာကျင်ထိခိုက်အောင် လုပ်တတ်ခြင်း
၃။ လူမှုရေး၊ စီးပွားရေး နိမ့်ကျခြင်း
၄။ မိဘ စိတ်ကျန်းမာရေး ပြဿနာ ရှိခြင်း
၅။ ကလေး အတန်းပညာ ဆုံးခန်းတိုင်အောင် မသင်ကြားရခြင်း
၆။ မိဘချင်း မတည့်ခြင်း၊ ကွဲခြင်း၊ တစ်ဦးကို တစ်ဦး အမြဲအပြစ်တင်တတ်ခြင်း
ရ။ ကလေးကို သွန်းသင်ဆုံးမမှု အားနည်းခြင်း(သို့မဟုတ်)တစ်ဖက်စောင်းနင်း ပြင်းထန်စွာ ဆုံးမတတ်ခြင်း
၈။ ကလေးငယ်၏ အရေးကိစ္စများတွင် မိဘ စိတ်ဝင်စားစွာ ပါဝင်မှု အားနည်းခြင်း
၉။ မိဘနှင့် ကလေးချစ်ခင်တွယ်တာမှု အားနည်းခြင်းစသည့်တို့ပဲ ဖြစ်ပါတယ်။
#Ref(ဒေါက်တာ ရဲမြင့်ကျော်- မေ့ရင်သေွးကောက်နုတ်ချက်မှ)