မိမိရဲ့ ကလေးငယ်ကို အိပ်ပျော်အောင် လုပ်ရတဲ့ အရာဟာလည်း တစ်ခါတစ်ရံမှာ တိုက်ပွဲတစ်ခုဝင်နေရသလိုပါပဲ။ ကလေးမေမေတေွဟာ ညဥ့်နက်သန်းခေါင်ချိန်မှ ရုတ်တရက်လန့်နိုးပြီး ငိုတတ်တဲ့ မိမိရဲ့ ကလေးငယ်တေွကို ပြန်သိပ်ရတဲ့ အကြောင်းတေွကို အပေါင်းအသင်းတေွထံ ပြန်လည် ညဉ်းတွားတတ်ကြပါတယ်။ ဒီအတွက် ကျွန်တော်တို့မှာ အဖြေရှိနေပါတယ်။ သင့်ကလေးငယ်ကို တစ်မိနစ်အတွင်း အိပ်ပျော်အောင်လုပ်ပေးနိုင်မယ့် နည်းလမ်းကောင်းလေးတစ်ရပ်ကို ပြန်လည်မှျဝေပေးချင်ပါတယ်။
အဲ့ဒါကတော့ ကလေးငယ်ရဲ့ မျက်နှာကို နှိပ်နယ်ပေးခြင်းပါပဲ။ သင့်ရဲ့ နူးညံ့တဲ့ လက်ချောင်းလေးတေွနဲ့ ကလေးငယ်ရဲ့ မျက်နှာပြင် ၊ နဖူး ၊ မျက်ခုံး စတဲ့ နေရာတစ်ဝိုက်ကို တယုတယနဲ့ နှိပ်နယ်ပေးခြင်းဟာ သင့်ကလေးငယ်ကို တစ်မိနစ်အတွင်း နှစ်နှစ်ခြိုက်ခြိုက် ပြန်လည် အိပ်ပျော်စေမှာပါ။
ဒီနေရာမှာ အဓိကအရေးပါပြီး မေမေတေွ မဖြစ်မနေလိုက်နာရမယ့် အချက်လေးတေွ ရှိနေပါတယ်။ သင့်ရဲ့ အဓိကရည်ရွယ်ချက်က ကလေးငယ်ကို အိပ်ပျော်စေဖို့ပါ။ ဒါ့ကြောင့် ကလေးငယ် သက်တောင့်သက်သာ ဖြစ်စေမယ့် အဝတ်အစားမျိုးကို ရေွးချယ်ဝတ်ဆင်ပေးဖို့ လိုပါတယ်။ ဒ့ါအပြင် ကလေးငယ်ကို မိခင်ရဲ့ နေွးထေွးတဲ့ရင်ခွင်ထဲမှာ ရှိနေစေရမှာ ဖြစ်ပြီး ကလေးငယ်ရဲ့ ဆာလောင်မှုနဲ့ တခြားကျန်းမာရေးအခြေအနေတို့ကိုလည်း စောင့်ကြည့်ထားရမှာ ဖြစ်ပါတယ်။
အရေးအကြီးဆုံး အချက်ကတော့ ကလေးငယ်ရဲ့ မျက်နှာကို နှိပ်နယ်တဲ့နေရာမှာ နူးညံညင်သာမှု ရှိဖို့ပါပဲ။ ကလေးငယ်ဟာ နုနယ်သေးတဲ့အတွက် ညင်သာမှုရှိရှိ ကိုင်တွယ်နှိပ်နယ်မှသာလှျင် သင့်ကလေးငယ်အနေနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တဲ့ အဆင့်ကို တစ်မိနစ်အတွင်း ရောက်ရှိသွားမှာ ဖြစ်ပါတယ်။
How to get a baby to sleep in one minute with a face massage
ကလေးငယ်ရဲ့ မျက်နှာအပြင် ခေါင်းအနောက်ဖက်နဲ့ ငယ်ထိပ်နားကို ပွတ်သပ်ပေးခြင်းကလည်း ဒီနည်းလမ်းရဲ့ လှျို့ဝှက်ချက်တစ်ခုပါပဲ။ ကလေးမေမေတေွအနေနဲ့ ညတစ်ညကို သာယာဖြောင့်ဖြူးစွာ ဖြတ်သန်းနိုင်စေဖို့ ဒီအရိုးရှင်းဆုံး နည်းလမ်းလေးက အသင့်တော်ဆုံး ဖြစ်လာမှာပါ။...
HYA (kyarlay)