Kyarlay.com

over 1 year

တစ်နှစ်အထက် ရင်သွေးငယ်များအတွက် ခရမ်းချဉ်သီးထမင်းပေါင်း ...


Gg37widaplyakbjgphpx

မေမေတို့ရေ ဒီနေ့မှာတော့ တစ်နှစ်နဲ့အထက်ဘေဘီလေးတွေအတွက် ပြင်ဆင်ကျွေးမွေးနိုင်မယ့် ခရမ်းချဉ်သီးထမင်းပေါင်းလေးကို မျှဝေပေးချင်ပါတယ်နော်။

ပါဝင်ပစ္စည်းများ ...
- အားဖြည့်ဆန် ... နို့ဆီဗူး လေးပုံတစ်ပုံ
- ခရမ်းချဉ်သီး ... တစ်လုံး
- ကြက်သွန်နီ ... တစ်ဥ
- ကြက်သွန်ဖြူ ... ၃ မွှာ
- ဆား ... အနည်းငယ် (ကြက်သားမှုန့်သုံးနိုင်ပါသည်)
- နနွင်းမှုန့် ... အနည်းငယ်
- ဆီ ... စားပွဲဇွန်း ၁ ဇွန်း
- မဆလာ ... အနည်းငယ်

ပြင်ဆင်ချက်ပြုတ်နည်း ..
- ဦးစွာဆန်ကိုရေဆေးထားပါ။ ခရမ်းချဉ်သီးကို ရေဆေးပြီး အတုံးသေးသေးလေးများတုံးထားပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူအခွံခွာပြီးထောင်းထားပါ။
- အိုးသန့်သန့်ထဲသို့ ဆီထည့်ပြီး ဆီပူလျှင် နနွင်းမှုန့်ထည့်ပါ။ ပြီးလျှင် ကြက်သွန်ဖြူ၊ နီထောင်းများကို ဆီသတ်ပါ။ အနံ့မွှေးလာလျှင် ခရမ်းချဉ်သီးထည့်မွှေပါ။ မဆလာထည့်ပါ။ ဆားထည့်ပါ။ ဆီသတ်ပြီးလျှင် ဆန်ထည့်ပြီးမွှေပေးပါ။
- ပြီးလျှင် ရေထည့်ပြီးအဖုံးအုပ်တည်ထားပါ။
- ရေခမ်းစပြုလျှင် အဖုံးဖွင့်ပြီး အနည်းငယ်မွှေပေးပါ။ ပြီးလျှင် အဖုံးပြန်ပိတ်ပြီး တည်ထားပါ။
- ရေခမ်းလျှင် မီးဖိုပေါ်မှချပြီး အအေးခံကာ ရင်သွေးငယ်များအတွက် ပြင်ဆင်ကျွေးမွေးနိုင်ပါပြီ။

မိခင်နဲ့ရင်သွေးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)