ကလေးက အသက်တစ်နှစ်၊ တစ်နှစ်ခွဲဆို လမ်းလေးကို တတောက်တောက် စလေှျာက်တတ်လာပြီ ဆိုကတည်းက ကြိမ်းသေတယ် လက်လက်ကို ထတော့မည်။ သူ့မှာတော့ ခွန်အားတေွ ကုန်သွားတယ်ဆိုတာ မရှိသလို တောက်လျောက်ဆော့ပဲ ဆော့နေတယ်။ ဒီခေတ် မိဘအများစုကတော့ မိဘတာဝန်ဆိုတာ ကလေးသုံးချင်တာ သုံးနိုင်ဖို့ ပိုက်ဆံရှာပေးဖို့ပဲ အရေးကြီးတယ်လို့ ထင်နေကြပါတယ်။ ဒီတော့ ဘယ်လောက်ပဲ ဝင်ငေွကောင်းသည့် အလုပ် တစ်ခု ရှိနေပါစေ။ နောက်တစ်ခုကို သူတို့တေွ ထပ်လုပ်ကြတယ်။
အဖေရော၊ အမေပါ အပြင်ထွက်ပြီး အလုပ်လုပ်နေကျတော့၊ ကလေးနှင့်အတူ ဆော့ကစားပေးဖို့ရာ အိမ်ဖော်ကောင်မလေးပဲ ကျန်ခဲ့တယ်။ ကလေးနှင့်အတူတူ ဆော့ကစားတာဟာ ကလေး၏ ပတ်ဝန်းကျင်အပေါ် လေ့လာသင်ယူမှုကို အထောက်အကူပြုစေရန် ရည်ရွယ်သည်ဟု ဆိုလှျင် ထိုအထောက်အကူ ပေးနေသူရဲ့ ပညာအဆင့်အတန်းနှင့် ဆင်ခြင်တုံတရားကို နည်းနည်းတော့ ထည့်စဉ်းစားသင့်သည်ဟု ကျှန်တော် ယူဆမိပါတယ်။
သားလေး တစ်နှစ်၊ နှစ်နှစ်သားက အသား သိပ်ဖြူတယ်။ ရုပ်ကလေးကလည်း ပါးချိုင့်လေးနှစ်ဖက်နှင့် တော်တော် ချောတော့ အမျိုးတေွရော၊ အိမ်ဖော်တေွပါ တုန်နေအောင် ချစ်ကြတယ်။ ကျှန်တော်ကတော့ ဘယ်တော့မှ မိသားစုနှင့်အတူ ရှိသည်ဟူ၍ မရှိ။ အမြဲတမ်း အလုပ်နဲ့ အပြင်ထွက်နေရတယ်။ သူ့မိခင်ကတော့ အမြဲ သူနဲ့အတူ ဆော့ကစားပေးတယ်။ ကလေးက လူအများကြီးကြားတွင် လက်လက်ထအောင် ဆော့နေပြီး မောသွားရင် အမေ့ဆီ ပြန်ပြေးလာပြီး အမေ့ပေါင်ပေါ် ခေါင်းလေး လှဲချ၍ အမောဖြေနေတတ်တယ်။ တစ်နေ့ ကျှန်တော် ကျှန်တော့်မိသားစုဆီ အလည်အပတ် ရောက်နေတဲ့အချိန်မှာပေါ့။
ခရီးပန်းလာသဖြင့် အိပ်ရာပေါ်တွင် လှဲ၍ ခဏ အနားယူနေတယ်။ သား မေမေက စျေးသွားတယ်။ အဲဒီ အချိန်မှာ သားကိုထိန်းပေးနေသော အိမ်ဖော်ကောင်မလေး နှစ်ယောက်နှင့် သား၏ စကားပြောသံများကြောင့် ပြတင်းပေါက်မှ ခြံထဲသို့ ငုံ့ကြည့်လိုက်တော့ ကောင်မလေးတေွ သားကို ပန်းပန်ပေးထားတာကို ထူးခြားစွာ တေွ့လိုက်ရတယ်။ ပြီးတော့ ညီမလေး ညီမလေးနှင့် သူ့ကို ခေါ်နေကြတယ်။ ဘုရားဘုရား သူတို့ကတော့ သားရုပ်လေးက မိန်းကလေးလို လှလို့ ချစ်စနိုးနဲ့ ရိုးရိုး စနေကြတာပါ။
ဒါပေမယ့် သုံးနှစ်အောက်အရွယ် ကလေးဆိုတာက ကိုယ့်ကိုယ်ကိုယ် ငါ ယောကျ်ားလေး ဖြစ်တယ်။ မိန်းကလေး ဖြစ်တယ် ဘာလဲဆိုတာ သိဖို့ သတ်မှတ်ဖို့ လေ့လာနေကြသည့် အရွယ်ပါ။ ဒီအရွယ်မှာ မိန်းကလေးလို ဆက်ဆံလိုက်လို့ကတော့ နောင် သေချာတယ် သူ့အတွက်တော့ မတေွးဝံစရာပါပဲ။ ချက်ချင်း ခေါ်ဆူ၍ နောက်မလုပ်ရန် သေချာ သတိပေးခဲ့ရဖူးတယ်။ ဒါဟာ တစ်ခြားလူများနှင့် ပေးမဆော့ဘဲ မိဘများကိုယ်တိုင် ကလေးနှင့်အတူ ဆော့ကစားပေးသင့်ကြောင်း ပြသလိုက်တဲ့ အထင်ရှားဆုံး ဥပမာပါပဲ။
#Ref(ဒေါက်တာ ရဲမြင့်ကျော်- မေ့ရင်သေွးကောက်နုတ်ချက်မှ)