
အတက်ရောဂါဆိုတာကတော့ လူတိုင်း သိကြပါတယ်။ ကြွက်သားများ ဆန့်ငင် ဆန့်ငင်နှင့် အကြောဆွဲသော လှုပ်ရှားမှုများ ရုတ်တရက် ပေါ်လာလိုက်၊ ပြန်ကျသွားလိုက်ပေါ့။ အတက်သာ ကြမ်းလှျင် ပါးစပ်အတွင်းမှ အမြုပ်များ ပြန်လာပြီး ပြာနှမ်း၍ သတိပါ လစ်တတ်တယ်။ ဝက်ရူးပြန် ဆိုသည့်နာမည်ကို(အထူးသဖြင့်) ကလေးသူငယ်များအတွက် မသုံးသင့်ပါ။
နာတာရှည် အတက်ရောဂါဟုသာ ကျှန်တော်တို့တေွ သုံးနှုန်းခဲ့ကြတယ်။ ကလေး အတက်ရောဂါက လူကြီးဘဝအထိ ပါမသွား။ ပျောက်ကွယ် သွားတတ်တယ်။ ဖြစ်တုန်း ခဏမှာ ဆေးဝါးနှင့် ထိန်းပေးရတာလောက်ပဲ ရှိတယ်။ ဒါက အသက်နှင့် အထေွထေွ ကျန်းမာရေးကို ဖြစ်နေတုန်း ကာလမှာ ခြိမ်းခြောက်နိုင်သည့် ရောဂါ ဖြစ်သဖြင့် စိုးရိမ်စရာတော့ ရှိပါတယ်။ ဒါကြောင့် ဒါ စိုးရိမ်စရာလား ခေါင်းစဉ်အောက်တွင် ထို အတက်ရောဂါအကြောင်းကိုတော့ ဆေွးနေွးစရာ အကြောင်းမရှိ။
ခက်တာက အတက်ရောဂါနှင့် ခွဲရခက်ပြီး အတက်ရောဂါ မဟုတ်သည့် လှုပ်စိ လှုပ်စိ ကလေးများက အများကြီး ရှိသေးတယ်။ သူငယ်နာ မစင်ဘူးလို့ ပြောသူက ပြော၊ အကြောလိုက်တယ်လို့ ပြောသူက ပြော။ အမှန်က အနောက်တိုင်း ဆေးစာအုပ်များတွင် သူငယ်နာ သို့မဟုတ် အကြောလိုက်ဆိုသည့် စကားလုံးများနှင့် အဓိပ္ပာယ်တူမည့် ရောဂါ သတ်မှတ်ချက်မျိုးကို ရှာမတေွ့သေးပါ။
သူငယ်နာ ရောဂါ၊ အကြောလိုက်ရောဂါတို့သည် ကျှန်တော်တို့ လူမျိုး ကလေးများတွင်သာ အဖြစ်များပြီး အနောက်နိုင်ငံမှ ကလေးများတွင်တော့ မရှိ၍တော့ ဖြစ်ဟန်မတူပါ။ လူလူအချင်းချင်း အတူတူပင် မဟုတ်ပါလား။ ဒီစကားလုံးများ၏ အဓိပ္ပာယ်ကိုက တိကျစွာ သတ်မှတ်မှု အားနည်းနေသေးသည်ဟု ထင်မြင်မိပါတယ်။
ယခု ဆောင်းပါးမှာတော့ အနောက်တိုင်း ဆေးပညာရှင်တို့ ရှင်းပြ ရေးသားထားသည့် လှုပ်စိ လှုပ်စိ ကလေးများအကြောင်းကိုသာ သေချာ ပြောပြချင်ပါတယ်။ ဒါတေွကို သူငယ်နာတို့၊ အေကြောလိုက်တာတို့နှင့် တစ်တန်းတည်း ထား၍ ရ မရ ကျှန်တော်လည်း မသိပါ။ ကျှန်တော် သိတာကတော့ ဒါတေွက စိုးရိမ်စရာ မဟုတ်ကြောင်းသာ ဖြစ်ပါတယ်။
#Ref(ဒေါက်တာ ရဲမြင့်ကျော်- မေ့ရင်သေွးကောက်နုတ်ချက်မှ)