Kyarlay.com

over 1 year

သီးစုံအာဟာရ ဖြည့်စွက်စာလေး ပြင်ဆင်ရအောင်နော် ..


Aseuu2jypzygzbplm2dq

မေမေတို့ရေ ဒီတစ်ခါတော့ မုန်လာဥနီ၊ ပဲသီး၊ ပဲစိမ်းတွေပါဝင်တဲ့ သီးစုံအာဟာရဖြည့်စွက်စာလေးကို သားသားမီးမီးလေးတွေအတွက် ပြင်ဆင်ပေးလိုက်ရအောင်နော်။

ပါဝင်ပစ္စည်းများ ..
- ဆန် ... နို့ဆီဗူးဝက်
- မုန်လာဥနီ ... ၁ ဥ
- ပဲစိမ်း ... ပန်းကန်လုံးလေးပုံတစ်ပုံ
- ပဲသီး ... တစ်တောင့်

ပြင်ဆင်ပြုလုပ်နည်း ..
- ဆန်ကိုသေချာရေဆေးပြီး ထမင်းပေါင်းအိုးဖြင့် ရေခမ်းချက်ပြုတ်ရန်ပြင်ဆင်ပါ။
- ပြီးလျှင် ထမင်းချက်မည့်အိုးထဲသို့ မုန်လာဥနီကို အခွံခွာရေဆေးပြီး ထက်ခြမ်းပိုင်းထည့်ပါ။
- ပဲသီးကိုရေစင်အောင်ဆေးပြီး တ၀က်ပိုင်းထည့်ပါ။
- ပဲစိမ်းလုံးများကိုရေဆေးပြီးထည့်ပါ။
- ထမင်းအိုးကျလျှင် အိုးထဲမှာ အသီးအနှံများကို ယူပြီး ထမင်းအနည်းငယ်ဖြင့် Blander ထဲသို့ထည့်ပါ။
- ရေအနည်းငယ်ထည့်ပြီး မွှေပါ။ (ရေကျက်အေးထည့်လျှင်ပိုကောင်းပါသည်)
- ကျေညက်အောင်မွှေပြီးလျှင် ဘေဘီလေးတွေကို ပြင်ဆင်ကျွေးနိုင်ပြီဖြစ်ပါတယ်။

မိခင်နဲ့ရင်သွေးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)