Kyarlay.com

over 1 year

ရွှေဝါကန်စွန်းဥအနှစ် ဖြည့်စွက်စာ ပြင်ဆင်ရအောင် ..


H8yopcbgc0qqbkefvl7m

မေမေတို့ရေ ဒီကနေ့မှာတော့ ဘေဘီလေးတွေကြိုက်နှစ်သက်စေမယ့် ရွှေဝါကန်စွန်းဥအနှစ် ဖြည့်စွက်စာလေးကို ပြင်ဆင်ကျွေးလိုက်ရအောင်နော်။ ဒီဖြည့်စွက်စာလေးကတော့ ၆ လနဲ့အထက် ဖြည့်စွက်စာကျွေးနေပြီဖြစ်တဲ့ ဘေဘီလေးတွေအတွက် ပြင်ဆင်ပေးနိုင်ပါတယ်။ ဖြည့်စွက်စာကို စတင်ကျွေးတဲ့အချိန်မှာတော့ မကျွေးသင့်သေးဘဲ ဖြည့်စွက်စာကျွေးတဲ့ကျင့်သား ၁ ပတ် ၂ ပတ်လောက်မှာ ပြင်ဆင်ပေးနိုင်ပြီဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ ..
- ရွှေဝါကန်စွန်းဥ ... အကြီး ၁ ဥ
- မိခင်နို့ (သို့) နွားနို့ ... ဟင်းချိုပန်းကန်လုံးလေးပုံတစ်ပုံ
- ရေ ... ဟင်းချိုပန်းကန်လုံး ၁ လုံး

ပြင်ဆင်ချက်ပြုတ်နည်း ..
- ဦးစွာ ရွှေဝါကန်စွန်းဥကို အခွံခွာရေဆေးပြီး အတုံးလေးများတုံးပါ။
- အိုးသန့်သန့်ထဲသို့ ရွှေဝါကန်စွန်းဥနှင့် ရေထည့်ပြီး အဖုံးပိတ်ပေါင်းထားပါ။
- ကန်စွန်းဥများနူးအိပြီး ရေခမ်းစပြုလျှင် မီးဖိုပေါ်မှချပါ။
- Blender ထဲသို့ ကန်စွန်းဥပြုတ်ထားသည်များထည့်မွှေပါ။
- ကျေညက်သွားလျှင် နို့ထည့်ပြီးထပ်မွှေပေးပါ။
- ပြီးလျှင် ရင်သွေးငယ်များစားသုံးနိုင်ရန် ပန်းကန်လုံးလှလှလေးဖြင့်ပြင်ဆင်ကျွေးမွေးနိုင်ပါပြီ။

မိခင်နဲ့ရင်သွေးငယ်များအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)