ဝက်ခြံဆိုတာ ခံစားရခက်ခဲတဲ့ အရေပြားပြဿနာတစ်မျိုးပါ။ အလှပျက်စေ၍ ဘယ်သူမှ ၀က်ခြံမပေါက်စေလိုပါ။ ၀က်ခြံဆိုတာ မျက်နှာမှာပဲ ပေါက်တယ်လို့ မထင်ပါနဲ့ ။ ကိုယ်ခန္ဓာ အနှံ့အပြားမှာလည်း ပေါက်ပါတယ်။ ၀က်ခြံပေါက်ရခြင်းအကြောင်းကတော့ အဆီထွက်များရာကနေ စတင်တာပါ။ မေွးညှင်းအိတ်ငယ်တေွမှာ ထွက်လာတဲ့ အဆီတေွ စုပေါင်းပြီး အပြင်က ဖုန်မှုန့် အညစ်အကြေးတေွနဲ့ ဗက်တီးရီးယားတေွ ပေါင်းစုမိပြီး ၀က်ခြံဖြစ်လာရတာပါ။
ကိုယ်ပေါ်မှာ ပေါက်တဲ့ ၀က်ခြံတေွ
ကိုယ်ပေါ်မှာ ပေါက်တဲ့ ၀က်ခြံ နောက်ဆက်တွဲဆိုးကျိုးတေွကတော့ မသန့်တဲ့လက်နဲ့ မကြာခဏ ကုတ်ဖဲ့ ထိုးဆွမိတာကြောင့် တစ်ကိုယ်ရေ သန့်ရှင်းရေး အားနည်းတာကြောင့် အစားအသောက် အနေအထိုင် မဆင်ခြင်တာကြောင့် စတဲ့ အကြောင်းအမျိုးမျိုးတေွကြောင့် ရိုးရိုးဝက်ခြံကနေ ၀က်ခြံကြီး ၊ ၀က်ခြံပုန်း၊ ဆင်ဝက်ခြံစတဲ့ စက်ခြံပြဿနာတေွ ဆက်တိုက်ခံစားရပြီး နောက်ဆုံးမှာတော့ ခန္ဓာကိုယ်အရေပြားမှ တစ်ဆင့် ရောဂါပိုးကူစက်ခံရပြီး သေွးဆိပ်တတ်ခြင်း ၀င်ကာ ချမ်းတုန်ဖျားနာပြီး ၊ ပြင်းထန်ဆိုးဝါးတဲ့ အခြေအနေမျိုး ကျရောက်လာရင် အသက်အန္တရာယ်ပေးသည်ထိ ဖြစ်လာတတ်ပါတယ်။
Ref: သွန်းသော်ာ (B.N.Sc)