မေမေတို့ရေ ကလေးတွေကို ဖြည့်စွက်စာစတင်ကျွေးချိန်မှာ ကျင့်သားမရသေးတာကြောင့် ကျွေးရတာအခက်အခဲရှိတတ်ပါတယ်။ ကလေးကမစားချင်တာကြောင့် ဂျီကျနေရင် အချို့မေမေတွေကို နို့ချိုတိုက်ပြီး ချော့တတ်ကြပါတယ်။ တကယ်တော့ အစာစားချိန်နဲ့နီးပြီး ကလေးကို နို့မတိုက်သင့်ပါဘူးနော်။ ကလေးကို အစာကျွေးမယ်ဆိုရင် စိတ်ရှည်ရှည်ထားပြီးကျွေးသင့်ပါတယ်။ ပေါ့ပါးရွှင်လန်းအောင်ထားရပါမယ်။ အော်ငေါက်၊ ရိုက်နှက်၊ ချုပ်ပြီးမကျွေးသင့်ပါဘူးနော်။ နောက်ပြီး အစာကိုလျှာလယ်အထိရောက်တဲ့အထိ ထည့်ကျွေးပေးရမှာပါ။ ကလေးငယ်တွေက မစားတတ်သေးတာကြောင့် ပြန်ထွေးပစ်တာမျိုးတွေလုပ်တတ်ကြတာပါ။ အဲ့ဒါကြောင့် ဂရုတစိုက်နဲ့ သေချာစိတ်ရှည်ပြီး ကျွေးရပါမယ်။ ကလေးကို အစာစားချိန်နဲ့နီးပြီး နို့တိုက်ရင်လည်း ကလေးက မဆာတဲ့အတွက် ဘယ်လိုကျွေးကျွေးစားမှာမဟုတ်တော့ပါဘူး။ အဲ့ဒါကြောင့် အစာစားကျင့်ရစေဖို့ ကလေးကို အစာကျွေးချိန်နဲ့နီးပြီး နို့မတိုက်မိစေဖို့ မေမေတို့က ဂရုစိုက်ပေးပါနော်။
မိခင်နဲ့ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး