မေမေတို့ရေ ဒီနေ့ခေတ်မှာတော့ မောင်တစ်ထမ်းမယ်တစ်ရွက် လုပ်ငန်းခွင်အတွင်း ဝင်ရောက်ပြီး မေမေတွေလည်း အလုပ်လုပ်ကိုင်နေကြတာများတယ်မဟုတ်လား။ အဲ့ဒီတော့ ကိုယ်ဝန်ဆောင်ကာလ လုပ်ငန်းခွင်အတွင်းဝင်ရောက်နေကြရတဲ့ မိခင်လောင်းတွေအတွက် ဘယ်လိုအချက်တွေကိုလိုက်နာသင့်တယ်ဆိုတာလေးကို ဆောင်ရန်၊ ရှောင်ရန် (၁၀) ချက် မျှဝေပေးလိုက်ပါတယ်နော်။
(၁) အလုပ်သွားတဲ့အခါ မုန့်ပဲသားရေစာတွေကို လုံလုံလောက်လောက်ထည့်သွားပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ မကြာခဏ ဗိုက်ဆာတတ်ပါတယ်။
(၂) ရေဓာတ်ပြည့်ဝစေဖို့အတွက် ရေကိုတတ်နိုင်သမျှများများသောက်ပေးပါ။ သဘာဝအသီးဖျော်ရည်တွေလည်း သောက်နိုင်ပါတယ်။
(၃) အလုပ်ထဲမှာ နာရီပေါင်းများစွာကြာအောင် ထိုင်ပြီးတကုပ်ကုပ်လုပ်နေတာမျိုးလျှော့သင့်ပါတယ်။ ထိုင်တဲ့ပုံစံကိုလည်း မိနစ်အနည်းကြာရင်တစ်ကြိမ်ပြောင်းလဲနေသင့်ပါတယ်။
(၄) ထိုင်နေရတဲ့အလုပ်တွေများတာကြောင့် ရုံးမှာလည်း မကြာခဏထပြီး လမ်းလျှောက်ပေးပါ။ ကိုယ်ဝန်ဆောင် ယောဂလေ့ကျင့်ခန်းတွေ တတ်နိုင်သလောက်လုပ်ပေးပါ။
(၅) ကိုယ်ဝန်ဆောင်အားဆေးကိုလည်း ပုံမှန်သောက်ပါ။ အလုပ်တွေများပြီး ဆေးသောက်ဖို့မေ့လျော့သွားတာမျိုးကို မဖြစ်သင့်ပါဘူး။
(၆) မီးဖွားခွင့်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ပါ။
(၇) ကိုယ်ဝန်အပ်ခြင်းနဲ့ မီးမဖွားခင်ကိုယ်ဝန်ပြခြင်းတွေကို မပျက်သင့်ပါဘူး။ ဘယ်လောက်အလုပ်များများ ရက်ချိန်းအတိုင်းတိကျစွာပြသပါ။
(၈) လုပ်ငန်းခွင်အတွင်း စိတ်ဖိစီးမှုတွေမရအောင် အတတ်နိုင်ဆုံး ဂရုစိုက်ပါ။
(၉) ကိုယ်ဝန်ဆောင်ချိန် ပေါ့ပါးချောင်ချိတဲ့ အဝတ်အစားတွေကိုသာ ၀တ်ဆင်ပါ။
(၁၀) အချို့လုပ်ငန်းခွင်တွေက ဓာတုပစ္စည်းတွေနဲ့ဆက်စပ်နေတာကြောင့် အဲ့ဒီလိုလုပ်ငန်းခွင်တွေမှာဆိုရင် ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မှုမရှိအောင် ရှောင်ရှားရပါမယ်။
မေ့ရင်သွေးမဂ္ဂဇင်းပါ မောင်(ဆေး-၁) ဆောင်းပါးမှကောက်နုတ်ထားပါသည်။
မိခင်နဲ့ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး