မေမေတို့ရေ ဒီနေ့မှာတော့ ကြက်သားဆန်ပြုတ်ဖြည့်စွက်စာပြင်ဆင်နည်းလေးကို မှျဝေပေးမယ်နော်။ ဘေဘီလေးတေွတင်မဟုတ်ပါဘူး။ တစ်မိသားစုလုံးရဲ့မနက်ခင်းစာအတွက်လည်း အာဟာရရှိရှိပြင်ဆင်နိုင်ပါတယ်နော် ..
ပါ၀င်ပစ္စည်းများ ..
- ကြက်သား ... တစ်ဆယ်သား
- ဆန် (ချက်ပြုတ်ပြီး) ... ပန်းကန်လုံး တစ်လုံး
- မုန်လာဥနီ ... အရွယ်တော် တစ်လုံး
- ကြက်သွန်နီ ... အရွယ်တော် တစ်လုံး
- ကြက်သွန်ဖြူ ... တစ်မွှာ
- ဂျင်း ... လက်တစ်ဆစ်
- ဆား ... အနည်းငယ်
ပြင်ဆင်ချက်ပြုတ်နည်း ...
- ဦးစွာ ကြက်သားကိုရေစင်အောင်ဆေးပါ။ မုန်လာဥနီကို ရေစင်အောင်ဆေးအခွံခွာပြီး အရွယ်တော်အတုံးလေးများတုံးထားပါ။ ကြက်သွန်နီကိုအခွံခွာရေဆေးပြီး လေးစိတ်စိပ်ပါ။ ကြက်သွန်ဖြူ အခွံခွာရေဆေးထားပါ။ ဂျင်းအခွံခွာရေဆေးထားပါ။
- အိုးသန့်သန့်ထဲသို့ ရေပန်းကန်လုံး ၂ လုံးစာထည့်ပြီး ဆူပွက်အောင်တည်ပါ။ ရေဆူပါက ကြက်သား ထည့်ပါ။ ဘေးတွင် မုန်လာဥနီ၊ ကြက်သွန်နီလှီးထားသည်ထားကိုထည့်ပါ။ ကြက်သွန်ဖြူအမွှာလိုက်ထည့်ပါ။ ဂျင်းနှစ်စိပ်စိပ်ထည့်ပါ။ ဆားအနည်းငယ်ထည့်ပြီး အဖုံးအုပ်ထားပါ။ ကြက်သားနူူးအိသွားပြီဆိုပါက မီးဖိုပေါ်မှချပါ။ ကြက်သားကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းများကိုဖယ်ထုတ်ပါ။
- ပြုတ်ရည်ထဲတွင် မုန်လာဥနီများကျန်ရှိပါမည်။ ပြုတ်ရည်ကိုမီးဖိုပေါ်သို့ပြန်တင်ပြီး ချက်ပြုတ်ပြီးထမင်းများကိုထည့်ပြီးမေွှပါ။
- ဆန်ပြစ်သည်အထိအိုးတည်မေွှပေးပါ။
- ကြက်သားကိုသေးသေးလေးများဖြစ်အောင် အသားနွှင်ပေးပါ။ (အသက် ၁ နှစ်မပြည့်သေးသည့်ကလေးငယ်များအတွက် ကြက်သားဖတ်များပြန်ထည့်ရန်မလိုပါ)
- ဆန်ပြုတ်ပြစ်လာပါက မီးဖိုပေါ်မှချပြီး ကြက်သားနွှင်ဖတ်လေးများကိုအပေါ်မှထည့်၍ ပြင်ဆင်ကျေွးမေွးနိုင်ပြီဖြစ်ပါတယ်။
- (၆ လမှ ၁၀ လအရွယ်ကလေးငယ်များအတွက် ကြက်သားဖတ်များထည့်သွင်းကျေွးလိုပါက ဆန်ပြုတ်အနှစ်နှင့် ကြက်သားဖတ်များကိုရောပြီး blander ထဲတွင်ရောကြိတ်ပြီး ကျေွးနိုင်ပါတယ်)
မိခင်နဲ့ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)