Kyarlay.com

over 1 year

ရွှေဖရုံငှက်ပျောပေါင်းသာကူကြို ဖြည့်စွက်စာ ..


Icecdkgryorbtj9t39yu

မေမေတို့ရေ ဒီတစ်ခါမှာတော့ ဘေဘီလေးတွေကြိုက်နှစ်သက်ပြီး အာဟာရပြည့်ဝစေမယ့် ရွှေဖရုံငှက်ပျောပေါင်းသာကူဖြည့်စွက်စာ ပြင်ဆင်ချက်ပြုတ်နည်းလေးကို မျှဝေပေးချင်ပါတယ်။ အရသာလည်းရှိလို့ ဘေဘီလေးတွေ သဘောကျစေမယ့် ဖြည့်စွက်စာလေးဆိုရင်လည်းမမှားပါဘူးနော်။

ပါဝင်ပစ္စည်းများ ...
- ရွှေဖရုံသီး ... တစ်စိတ်
- ငှက်ပျောသီး ... နှစ်လုံး
- သာကူ ... စားပွဲတင်ဇွန်း သုံးဇွန်း

ပြင်ဆင်ချက်ပြုတ်နည်း ...
- ဦးစွာ ရွှေဖယုံသီးကို အခွံနှင့်အတူ မီးဖုတ်ရပါမယ်။ (မိနစ် ၂၀ ခန့် မီးဖုတ်ပေးပါ)
- သာကူကိုရေစင်အောင်ဆေးပြီး အိုးသန့်သန့်ထဲတွင် ရေပန်းကန်လုံးတစ်လုံးနှင့်အတူ ကြိုပါ။ အစေ့ပျောက်ပြီး အိနေသည်အထိကြိုပါ။
- ပြီးလျှင် Blander ထဲသို့ ငှက်ပျောသီးအခွံခွာအတုံးတုံးထည့်ပါ။ မီးဖုတ်ထားသည့်ရွှေဖယုံသီးကို အခွံအစေ့များဖယ်ပြီး အသားချည်းထည့်ပါ။ သာကူကြိုများထည့်၍ မွှေပါ။
- ကြေညက်အောင်မွှေပြီးလျှင် ဘေဘီလေးတွေကို အရသာရှိရှိကျွေးမွေးနိုင်ပြီဖြစ်ပါတယ်။
Ref;HM (ကျားလေး)