
သေွးလွန်တုတ်ကေွးက ခြင်မှ ဖြစ်တာပါ။ ခြင်မကိုက်ခံရလှျင်တော့ မဖြစ်ပါဘူး။ သေွးလွန်တုတ်ကေွးဖြစ်သည့် ခြင်က နေ့ခင်းဘက်တေွမှာ ကိုက်တာပါ။ နေ့ခင်းဘက်တေွက ကျောင်ဖွင့်ချိန်ဖြစ်နေတယ်။ အစိုးရ ကျောင်းတေွမှာတော့ မိုးရာသီရောက်ပြီဆို ခြင်အန္တရာယ်တာဆီးရေးတေွ လုပ်ကြပါတယ်။
ကလေးလေးတေွကိုတော့ ခြင်မကိုက်အောင် ဂရုစိုက်တာ အကောင်းဆုံးပါ။ ခြင်ကြောင့် ဖြစ်မယ့် ကျန်းမာရေးပြဿနာတေွကလည်း မေမေတို့ သိပြီးသား ဖြစ်မှာပါ။ ကလေးကို မှက်၊ ခြင်၊ ယင် မကိုက်အောင် အတတ်နိုင်ဆုံး ဂရုစိုက်ပေးပါ။ ခြင်ကိုက်ဖုတေွနဲ ပတ်သက်ပြီး မေ့ရင်သေွးမဂ္ဂဇင်းမှာတော့ မေမေတစ်ယောက်ရဲ့အမေးကို ဆရာဝန်ကြီးတေွက ပြန်လည် ဖြေဆိုပေးထားတာကို မေမေတို့ကို ပြန်လည်မှျဝေပေးချင်ပါတယ်။
မေမေတစ်ယောက်က သုံးလအရွယ် သူ့ရဲ့သမီးလေးမှာ ခြင်ကိုက်ဖုတေွရှိလို့ ဘာလိမ်းရမလဲလို့မေးမြန်းထားတာကိုတော့ ဆရာဝန်ကြီးတေွက "Calamine Lotion ပါတဲ့ ဆေးကို လိမ်းသင့်ပါတယ်။ မျက်နှာတစ်ဝိုက်နားမှာတော့ မလိမ်းပါနဲ့" လို့ ပြန်လည် ဖြေကြားပေးထားပါတယ်။
Ref : မေ့ရင်သေွးမဂ္ဂဇင်း