Kyarlay.com

over 1 year

အီအီးစိမ်းတွေဘာကြောင့်သွားရတာလဲ ??


Vijr993b0hiyddqiuhpj

အချို့မေမေတွေ စိုးရိမ်တကြီးနဲ့ မေးတတ်ကြတာတွေရှိပါတယ်။ အဲ့ဒါကတော့ ဘေဘီလေးတွေက အီအီးအစိမ်းရောင်တွေပါတတ်တဲ့ ကိစ္စပါ။ ပုံမှန်အားဖြင့်တော့ ကလေးအီအီးက အ၀ါရောင်သာဖြစ်ရမှာပါ။ ဒါပေမယ့်လည်း တစ်ခါတစ်ရံမှာ အသည်းမှာရှိတဲ့ သည်းခြေရည်တွေထွက်တာက လိုတာထက်ပိုရင် အီအီးစိမ်းပါတတ်ပါတယ်။ နောက်ပြီး အစာမကြေရင်လည်း အီအီးစိမ်းပါတတ်ပါတယ်။ တစ်ခါတစ်ရံ အီအီးစိမ်းပါတာအတွက် စိုးရိမ်စရာမရှိပေမယ့် နေ့စဉ်ရက်ဆက် အီအီးစိမ်းနေတယ်ဆိုရင်တော့ ရက်ကြာနေရင် သက်ဆိုင်ရာဆရာဝန်နဲ့ တိုင်ပင်ပြသသင့်ပါတယ်နော်။ အဲ့ဒါမှလည်း အကြောင်းရင်းကိုရှာဖွေပြီး ကုသပေးလို့ရမှာပါ။

မိခင်နဲ့ရင်သွေးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)