Kyarlay.com

over 1 year

နို့စို့စမှာ ကလေးကနို့နဲ့အတူ လေကိုပါစုပ်ယူတတ်လို့ လေထုတ်ပေးသင့်ပါတယ် ..


Liuhzjvmgttaqfvcltu0

မေမေတို့ရေ ဘေဘီလေးတွေ လေထိုးကြလို့ အချို့မေမေတွေက စိတ်ညစ်တတ်ကြပါတယ်။ ဘာကြောင့်မှန်းမသိဘဲ လေထိုးတယ်ဆိုပြီးအချို့မေမေတွေက မေမေတွေစားတဲ့အစားတွေကြောင့်လားဆိုတဲ့ အထင်လည်း ရောက်တတ်ကြပါတယ်။ မေမေတို့ရေ တကယ်တော့ ကလေးက နို့စို့တဲ့အခါ နို့နဲ့အတူ လေကိုပါ စုပ်ယူတတ်ကြတာပါ။ နို့ဝင်သွားသလို လေလည်းဝင်သွားတတ်ပါတယ်။ နို့တိုက်ပြီးစမှာ နို့ရော၊ လေရော အစာအိမ်ထဲမှာရှိနေစဉ် ကလေးကိုထောင်ပြီးချီလိုက်ရင် လေကနို့ထက်ပေါ့တာကြောင့် လေထွက်သွားပြီး လေထုတ်နိုင်ပါတယ်။ လေက အစာအိမ်ထဲကိုဖြတ်ပြီး အူသိမ်ထဲကိုရောက်သွားပြီးမှဆိုရင်တော့ ပါးစပ်ကနေ လေထုတ်လို့မရတော့ ကလေးလေမလည်မချင်း လေထိုးတတ်ပါတယ်နော်။ အဲ့ဒီအတွက် မေမေတို့တွေက ကလေးနို့တိုက်ပြီးတဲ့အခါ ကလေးကို ထောင်ချီပေးပြီး လေထွက်အောင် လေထုတ်ပေးဖို့ မမေ့ပါနဲ့နော် ..

(မေ့ရင်သွေးမဂ္ဂဇင်းမှကောက်နုတ်ချက်)

မိခင်နဲ့ရင်သွေးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)