မေမေတို့ရေ ဘေဘီလေးတေွရဲ့ ဦးနေှာက်ဉာဏ်ရည်ဖွံ့ဖြိုးစေဖို့အတွက် သူတို့လေးတေွကို စူးစမ်းခွင့်ပေးအပ်ထားဖို့လိုပါတယ်နော်။ ကလေးရဲ့စူးစမ်မှု၊ လေ့လာမှု၊ သူတို့တေွရဲ့ အတေွးအမြင်စိတ်ကူးတေွကို မိဘတေွက လိုက်လျောနားထောင်ပြီး ပံ့ပိုးပေးဖို့လိုအပ်ပါတယ်။
အချို့မိဘတေွက အလုပ်ရှုပ်နေတာကြောင့်ပဲ ကလေးတေွက တစ်ခုခုကို စူးစမ်းမေးမြန်းတဲ့အခါမျိုးမှာ ဟန့်တားလိုက်တာမျိုးဖြစ်တတ်ပါတယ်။ အဲ့ဒီလိုဟန့်တားခံရရင်တော့ ကလေးအနေနဲ့ သိချင်တာကိုလည်း မသိရ နောက်ကိုလည်း မမေးရဲတော့တာမျိုးဖြစ်သွားတတ်ပြီး သူရဲ့စူးစမ်းစိတ်၊ ဦးနေှာက်အသိဉာဏ်တေွကို ဟန့်တားသလို ဖြစ်သွားတတ်ပါတယ်။
အဲ့ဒါကြောင့်လည်း ဖေဖေ၊ မေမေတို့က ရင်သေွးငယ်လေးတေွကို စိတ်ရှည်ရှည်နဲ့ သူတို့နဲ့အတူတူ စကားများများပြောပြီး သူတို့ပြောတာတေွကိုလည်း များများနားထောင်ပေးဖို့လိုအပ်ပါတယ်နော်။
Ref; (မေ့ရင်သေွးမဂ္ဂဇင်းမှကောက်နုတ်ချက်)