မေမေ၊ ဖေဖေတို့ရေ ရင်သေွးငယ်လေးတေွကို ချီပိုးတဲ့အခါမှာ စနစ်ကျဖို့နဲ့ ကလေးရဲ့အနေအထားမှန်ကန်စေဖို့အတွက် လိုအပ်ပါတယ်နော်။ ကလေးငယ်လေးတေွကို ပြင်ပကိုခေါ်ဆောင်သွားတဲ့အခါ ချီပိုးလေးတေွနဲ့ ခေါ်ဆောင်သွားတတ်သလို အချို့တေွကလည်း အိမ်တွင်းဖြစ်ပုဆိုးနဲ့ချီပိုးပုံစံပြုလုပ်ပြီး ခေါ်ဆောင်သွားတတ်ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကလေးတေွကို ထိန်းကျောင်းချီပိုးတဲ့အခါမှာ ခန္ဓာကိုယ်အနေအထား၊ ဦးခေါင်းအနေအထားနဲ့ ထားရှိမှုပုံစံ မှန်ကန်ဖို့အရေးကြီးပါတယ်။ ပုံစံမမှန်ဘဲနဲ့ ချီပိုးထိန်းကျောင်းမှုပြုလုပ်ရင် နုနယ်တဲ့ကလေးငယ်ရဲ့ အရိုးအဆစ်တေွလွဲချော်ပြီး အဆင်မပြေဖြစ်သွားနိုင်ပါတယ်မေမေတို့ရေ။
ကလေးငယ်ကို ချီပိုးတဲ့အခါမှာ ပုံလေးမှာပြထားတဲ့အတိုင်း ကလေးငယ်ကို အတွင်းပိုင်းမှာ ကေွးနေတာ၊ မျက်နှာကွယ်နေတာ၊ ဒူူးခေါင်းကေွးနေတာမျိုးမဖြစ်သင့်ပါဘူး။ ကလေးရဲ့ခြေနှစ်ဖက်က ဆောင့်ကြောင့်ထိုင်ပုံစံမျိုးနဲ့ စနစ်တကျရှိပြီး မျက်နှာလေးကလူကြီးရဲ့ရင်မှာပါးအပ်ပြီးအထိုင်ပုံစံမျိုးစနစ်တကျရှိရမှာပါ။ အဲ့ဒါမှလည်း ကလေးရဲ့ခြေထောက်အနေအထား၊ ခန္ဓာကိုယ်အနေအထားတေွအားလုံးမှန်ကန်ပြီး အရိုးအဆစ်တေွလည်း ပုံမှန်အတိုင်းဖြစ်ပေါ်နေမှာပါမေမေတို့ရေ။
မိခင်နဲ့ရင်သေွးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)